မြောက်ဥက္ကလာပမြို့နယ်၌ ပထမအကြိမ် အခြေခံပညာ ကျောင်းပေါင်းစုံ ဓမ္မစကြာ(အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ပထမအကြိမ် အခြေခံပညာ ကျောင်းပေါင်းစုံ ဓမ္မစကြာ(အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ










မြောက်ဥက္ကလာပ၊ ဩဂုတ်  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ဗုဒ္ဓဘာသာကလျာဏယု၀ အသင်း ဝိုင်အမ်ဘီအေ နှင့် မြို့နယ်ပညာရေးမှူး တို့ဦးဆောင်သော အခြေခံပညာကျောင်းအုပ်ကြီးများ ပူးပေါင်းပါ၀င်သော ပထမအကြိမ် အခြေခံ ပညာကျောင်းပေါင်းစုံ  ဓမ္မစကြာ(အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲဆုရအသင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့  မွန်းလွဲ ၂ နာရီ အချိန် ဆုတောင်းပြည့်မယ်လမု စေတီတော်ကြီး၊ ယာဉ်ရပ်နား၀င်း၊ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ပထမထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ  မြောက်ဥက္ကလာပမြို့နယ် ဓမ္မစကြာ(အလွတ်) ပူဇော်ရွတ်ဆိုပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ကြီးများအား  ဗုဒ္ဓဘာသာကလျာဏယု၀အသင်း ဝိုင်အမ်ဘီအေအဖွဲ့မှ ဦးဆောင်၍ မင်္ဂလာအခမ်းအနားသို့ ပင့်ဆောင်ကာ ဂုဏ်ပြုဆု တံဆိပ်များအား တာ၀န်ရှိသူများက သယ်ဆောင်ခဲ့ကြသည်။ ထို့နောက် ဓမ္မစကြာ (အလွတ်) ပူဇော်ရွတ်ဆို ကျင်းပရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက ပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ လျှောက်ထားခဲ့သည်။ ဆက်လက်၍ ဓမ္မစကြာ(အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ ဩဝါဒစရိယ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ)ဘဒ္ဒန္တဉာဏိန္ဒ နှင့် (မဟာသဒ္ဓမ္မ ဇောတိကဓဇ ၊ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တဣန္ဒက ဆရာ တော်ကြီးများက ဩဝါဒစကား မိန့်ကြားခဲ့သည်။ ယင်းနောက်  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ ဓမ္မစကြာ(အလွတ်) ပူဇော်ရွတ်ဆိုပြိုင်ပွဲ (ဒုတိယ)အကြိမ်မြောက် ထပ်မံကျင်းပနိုင်ရေးအတွက် မတည်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း ပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြသည်။ 

ဆက်လက်၍ ဓမ္မစကြာ(အလွတ်) ပူဇော်ရွတ်ဆိုဆုရ ဓမ္မစကြာအသင်းများ ကြေညာရာ ပထမဆုကို အမှတ်(၈)အခြေခံပညာ အလယ်တန်းကျောင်း၊ ဒုတိယဆုကို မြရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း၊ တတိယဆုကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စတုတ္တဆုကို အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း နှင့် ဂုဏ်ပြုဆု ရရှိကြသော အမှတ်(၁၀)အခြေခံပညာ အလယ်တန်းထ(ခွဲ) ကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာအ လယ်တန်းကျောင်း၊ ကြယ်စင်စုကိုယ်ပိုင်အထက်တန်းကျောင်းတိုမှ အသီးသီး ဆုများရရှိကြရာ တာ၀န်ရှိသူများ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီး ဆုချီးမြှင့် ပေးဆပ်ခဲ့ကြသည်။

ယင်းနောက်  အခမ်းအနား တက်ရောက်လာကြသူများနှင့် ပြိုင်ပွဲ၀င် အသင်းများက ဇာတိမာန်သီချင်းဖြင့် သီဆိုဂုဏ်ပြုကြပြီး အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းခဲ့သည်။

အဆိုပါ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ဗုဒ္ဓဘာသာကလျာဏယု၀အသင်း ဝိုင်အမ်ဘီအေနှင့် မြို့နယ်ပညာရေးမှူး တို့ ဦးဆောင်သော အခြေခံပညာကျောင်းအုပ်ကြီးများ ပူးပေါင်းပါ၀င်သော ပထမအကြိမ် အခြေခံပညာကျောင်းပေါင်းစုံ  ဓမ္မစကြာ (အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ၊  ဇူလိုင် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်း ၈ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆု ကျပ်သိန်း ၄၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆု ကျပ်သိန်း ၂၀၊ စတုတ္တဆု ကျပ်သိန်း  ၁၀၊ ပဉ္စမဆု ကျပ် ၈ သိန်း  အခြားပြိုင်ပွဲ၀င် ဆုမရရှိသည့် အသင်းများကိုလည်း ငွေကျပ် ငါးသိန်း ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး 

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)