ရေတာရှည်၊ ဩဂုတ် ၈
ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကြက်ခြေနီအသင်းမှ ငလျင်ဘေးသင့်အိမ်ထောင်စုများအားNFI(Non-Food Items) ပစ္စည်းထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့လယ်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းထောက်ပံ့မှု အစီအစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများဆောင်ရွက် ပေးလျက်ရှိရာ ရေတာရှည်မြို့နယ် မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာ (၁၅) ရွအတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင် စု(၂၃၂)စုအတွက် အိမ်ထောင်စုတစ်စုလျင် NFI (Non-Food Items) အစားအစာမဟုတ်သော အရေးကြီး လူသုံးကုန်ပစ္စည်းများဖြစ်သော ဆိုလာမီးအိမ်၊မိန်းက လေးအသုံးအဆောင်၊ ယောင်္ကျားလေး အသုံးအဆောင်၊ စောင်၊ခြင်ထောင်၊ ၁၀လီတာဆန့် ရေဘူး၊ဖျာ၊တူ၊ ပေါက်တူး၊ ဂေါ်ပြား၊လက်သ မားသုံးပစ္စည်းအစုံ စုစုပေါင်း (၈)မျိုးတို့အားထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment