၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ပြီး အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ NLD ဦးဆောင်သူတွေဟာ မဲလိမ်မဲခိုးလုပ်ခဲ့တာတွေကို ယနေ့တိုင် ဝန်ခံခြင်း မရှိသေးပါဘူး။ သူခိုး က ခိုးပါတယ်လို့တော့ ဝန်ခံမှာ မဟုတ်ပါဘူး။ စိစစ်ဖော်ထုတ်ချက်များအရ ရွေးကောက်ပွဲတစ်ခုမှာ မဲလိမ်မဲခိုးမှု အရေအတွက်ဟာ ၁၁.၃သန်းကျော် ဆိုတဲ့ ပမာဏဟာ မဲပေးခွင့်ရှိသူအားလုံးရဲ့ ၂၅ရာခိုင်နှုန်းခန့် မသမာမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်သွားရတဲ့ NLD ဦးဆောင်သူတွေဟာ သွေးရူးသွေးတန်းနဲ့ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းပြီး လူငယ်လူရွယ်တွေကို နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်ကာ အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းစေခဲ့ပါတယ်။ မြန်မာ့သမိုင်းနဲ့ ယှဉ်ပြီးပြောရင် အာဏာလက်မဲ့ဖြစ်ပြီးနောက် NLD ဦးဆောင်သူတွေနဲ့ သူတို့ရဲ့ လော်ဘီတွေ၊ သူတို့ကို ဝန်းရံတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေဟာ အလွန်အမင်း ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ အခြေအနေဆီကို ရောက်ရှိခဲ့ရပါတယ်။ လူငယ်လူရွယ်တွေဟာ ဘာသာရေးစော်ကားမှုတွေ အတိုင်းထက်အလွန် လုပ်လာကြတယ်။ ကိုယ့်ဆရာ/ဆရာမများကိုပင် ပြန်ပြီး လုပ်ကြံ သ-တ်ဖြတ်သည်အထိ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ နိုင်ငံရေးမှိုင်းမိပြီး လူရိုင်းတွေ ဖြစ်ကုန်ကြတယ်။ အကြမ်းဖက်အဖွဲ့ထဲကို ရောက်သွားတဲ့ တပ်မတော်သားတစ်ယောက်ရဲ့ သားက အဖေနဲ့ ရင်ဆိုင်တိုက်ခိုက်ရရင်တောင် အလျှော့ပေးမှာ မဟုတ်ဘူးဆိုတဲ့ စကားကို အရှက်သိက္ခာမဲ့စွာ ထုတ်ဖော်ပြောဆိုတာမျိုးတွေ တွေ့လာရတယ်။
CRPH, NUG ဆိုတာက အဲဒီလို အရိုင်းအစိုင်းတွေကို ကြိုးကိုင်ပြီး တိုင်းဖျက် ပြည်ဖျက်လုပ်တဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ CRPH, NUG အနေနဲ့က လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ် အောင်မြင်လိမ့်မယ်လို့ နီပိန်းတွေကို မျှော်လင့်ချက်ပေး ပြောဆိုလှုံ့ဆော်ခဲ့ကြပေမယ့် ဒီအကြမ်းဖက်လှုပ်ရှားမှုဟာ အောင်မြင်မှုရဖို့ မလွယ်မှန်း အစကတည်းက ကြိုသိနှင့်နေကြသူတွေပါ။ ဒါကြောင့်ပဲ CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များဟာ လူငယ်တွေကို အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာဖို့ လှုံ့ဆော်ရင်းက ပြည်ပနိုင်ငံများကို ထွက်ပြေးသွားခဲ့ကြတာ အားလုံးအသိပါ။ အကြမ်းဖက်လှုပ်ရှားမှု အောင်မြင်မယ်လို့ တထစ်ချယုံကြည်ချက်ရှိရင် CRPH, NUG အကြမ်းဖက်အဖွဲ့များက ပြည်ဖျက်မိစ္ဆာများ မြန်မာပြည်ကနေ တဖဝါးမှ ခွါကြမှာ မဟုတ်ပါဘူး။
CRPH, NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများဟာ ပြည်တွင်းမှာ ရှိနေတဲ့ အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို သူတို့ရဲ့ လက်ပါးစေအကြမ်းဖက်အဖွဲ့များဖြစ် ခိုင်းစေနေကြပြီး KNU, KIA အစရှိသော တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲပြီး မြို့တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ တချို့သော မြို့နယ်တွေကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး ပြန်လည်တည်ဆောက်ရေးတွေ လုပ်ဆောင်နိုင်ပေမယ့် တချို့သော မြို့တွေမှာ ယနေ့တိုင်အောင် ပြန်လည်တည်ဆောင်ရေး မလုပ်နိုင်သေးသလို မှိုလိုပေါက်နေတဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို တပ်မတော်အနေနဲ့ ပြီးပြတ်အောင် ရှင်းလင်းဆောင်ရွက်ပေးခြင်းလည်း မလုပ်နိုင်သေးပါဘူး။ ရှင်းလင်းဆောင်ရွက်ဆဲ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
ထူးခြားချက်တစ်ခုကတော့ အစိုးရအနေနဲ့က တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မရှိ ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပြီး ထာဝရငြိမ်းချမ်းရေးကို ဦးတည်လျှောက်လှမ်းနေချိန်မှာ NUG နဲ့ လက်တွဲခဲ့တဲ့ TNLA, MNDAA လို အဖွဲ့တွေလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေလည်း ရှိနေပါသေးတယ်။ ချိန်ဆကြည့်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လိုအပ်ချက်၊ လိုလားချက်နဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ ရည်ရွယ်ချက်က ထပ်တူကျမနေပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့က မိမိတို့ရဲ့ လိုလားချက်ကို အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းပြီး အပြုသဘောဆန်ဆန် အပြောင်းအလဲ လုပ်လို့ရပါတယ်။ NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲဖြုတ်ပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာကြတဲ့အခြေအနေမှာ CRPH, NUG အကြမ်းဖက်အဖွဲ့တွေက NLD ပါတီအနေနဲ့ ထုတ်ပြန်ချက်တွေ ပြန်လည်ထုတ်ပြန်လာတာကို တွေ့ရပါတယ်။ နိုင်ငံရေးအရ CRPH, NUG ဆိုတာ အရေးမပါတော့တဲ့ အခြေအနေ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက တရားဝင်ကြေညာထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် ပုံရိပ်က ဘယ်လိုမှ မြှင့်တင်လို့ မရပါဘူး။ ဒါကြောင့် NLD ပုံရိပ်ကို ပြန်ပြီး အသုံးပြုလာတာဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အရှက်သိက္ခာမရှိတဲ့ လုပ်ရပ်လို့ ပြောရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက CRPH, NUG အကြမ်းဖက်အဖွဲ့များနဲ့ ပူးပေါင်းခဲ့တယ်ဆိုရာမှာလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှု အောင်မြင်ရေးထက် သူတို့အတွက် လိုအပ်တဲ့ အကြမ်းဖက်သမား အင်အား ရရှိဖို့အတွက်သာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ MNDAA, TNLA နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့တဲ့ BPLA အဖွဲ့ကို ရှမ်းမြောက်ကနေ နှင်ထုတ်လိုက်တဲ့ ဖြစ်ဉ်၊ KNU အကြမ်းဖက်အဖွဲ့က PDF တွေကို အသေခံစစ်သားအဖြစ် အသုံးပြုသွားတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် PDF အကြမ်းဖက်အဖွဲ့များသည် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အသုံးချခံအဆင့်မှာပဲ ရှိနေပါတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ နာမည်ကို အသုံးပြုပြီး သတင်းထုတ်ပြန်ချက်အမှတ် (၀၅ /၂၀၂၆) အနေနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အချက်တချို့ကို သုံးသပ်ကြည့်မယ်ဆိုရင် -
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ် တို့ တွေ့ဆုံခဲ့ကြောင်းသတင်းများကို အလေးထားစောင့်ကြည့်၊ သုံးသပ်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား အားလုံး၏ အသက်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကျန်းမာရေးအတွက် လုံလောက်သောအစားအသောက်ရရှိရေးတို့အပြင် မိသားစုဝင်များနှင့်လည်းကောင်း၊ ရှေ့နေများနှင့် လည်းကောင်း လွတ်လပ်စွာတွေ့ဆုံဆက်သွယ်ခွင့်ရရှိရေးတို့ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများ နှင့်အညီ အပြည့်အဝရရှိနိုင်ရေး အာမခံဆောင်ရွက်ပေးရန် အကြံပြုတိုက်တွန်းအပ်ပါသည်။
၃။ ယခုကဲ့သို့တွေ့ဆုံမှုတရပ်တည်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် အပြုသဘောဆောင်သော အလှည့်အပြောင်းတရပ်ဖြစ်ပေါ်လာပြီဟု ဆောလျင်စွာ ကောက်ချက် ချခြင်းမပြုမိကြရန် သတိချပ်စေအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းတာဝန်များကို အပြည့်အဝ ဆက်လက်ဆောင်ရွက်နိုင်ခွင့် ရှိ၊ မရှိနှင့် လက်တွေ့ကျသော တိုးတက်မှုများကိုသာ ဆက်လက်စောင့်ကြည့်သင့်ပါကြောင်း အလေးအနက်ထား ဖော်ပြအပ်ပါသည်။
၄။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ပြည်သူလူထု၏ ဒီမိုကရေစီ ဆန္ဒကိုလေးစားခြင်း၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းနှင့် သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်ခြင်းသာ ဖြစ်ပါသည်။
အချက်(၄)ပါ ရေးသားဖော်ပြချက်ကို ထောက်ထားပြောဆိုရမယ်ဆိုရင် တိုင်းပြည်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာက NLD ကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များ ဖြစ်နေခြင်းကြောင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ ဆိုရင် အစိုးရကို တိုက်တွန်းရမှာ မဟုတ်ဘဲ မိမိတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အဆုံးသတ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်တဲ့သူတွေကပဲ CRPH, NUG အနေနဲ့ အကြမ်းဖက်လှုံ့ဆော် တဖက်မှာ NLD အနေနဲ့ နိုင်ငံရေးအရ လူရာဝင်ဖို့ မြွေဟောက်လို လျှာနှစ်ခွနဲ့ မရိုးသားတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ ပြောချင်ပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ထုတ်ပြန်ချက်မှာ -
၅။ လက်ရှိအခြေအနေတွင် အာဆီယံသည် ၎င်း၏ ဘုံသဘောတူညီချက် (၅) ချက်ကို အခြေခံ၍ အကြမ်းဖက်မှုများရပ်တန့်ရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားရေးအကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးနှင့် အာဆီယံအထူးကိုယ်စားလှယ်၏ အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာရေးကို ဆက်လက်တိုက်တွန်းလျက်ရှိပါ သည်။
၆။ ထို့ကြောင့်မျှော်မှန်းထားသော အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်ခွင့်ရရှိရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်ဖြစ်ထွန်းရေးတို့မှတဆင့် လက်တွေ့ကျသော ခြေလှမ်းများ ပေါ်ပေါက်လာခြင်းတို့ကိုသာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှ တိုးတက်လာမှု အညွှန်းကိန်းများအဖြစ် သတ်မှတ်နိုင်ပါသည်။
၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အရ ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို အစဉ်လေးစားလျက် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ပြည်သူလူထုနှင့်အတူ ဆက်လက်ကြိုးပမ်း သွားမည် ဖြစ်ပါသည်။
ဆိုတော့ အချက်(၆)ပါ ရေးသားဖော်ပြချက်က သူတို့လိုလားချက်တွေပြည့်ဝမှသာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှ တိုးတက်လာမှု အညွှန်းကိန်းများအဖြစ် သတ်မှတ်နိုင်မယ်လို့ ဆိုလိုခြင်း ဖြစ်နေပါတယ်။ သူတို့က နိုင်ငံ့အရေးကို ဘယ်အတိုင်းအတာအထိ အပြုသဘောဆန်ဆန် ရပ်တည်ဆောင်ရွက်နေသလဲ သူတို့ကိုယ် သူတို့ ပြန်ပြီး မေးခွန်းထုတ်ရမယ့် အခြေအနေပါ။ သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက် မမှန်ကန်တဲ့အတွက်ကြောင့် အများပြည်သူ အတိဒုက္ခရောက်ခဲ့ရတာတွေကို ထည့်သွင်းပြောဆိုခြင်း မရှိတဲ့ လူလိမ်လူကောက်တွေလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုသည်မှာ ယနေ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ထည့်သွင်း အသုံးပြုလို့ မရတော့တဲ့ အခြေအနေမှာ ရှိပါတယ်။ ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နဲ့အညီ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနေတယ်။ နိုင်ငံရေးပါတီများကို စစ်ဆေးစဉ်က NLD ပါတီအနေနဲ့ စစ်ဆေးခံခြင်းမရှိခဲ့သလို ဥပဒေအရ ပြန်လည်မှတ်ပုံတင်ထားခြင်းလည်း မရှိတဲ့ ပါတီ ဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ အမည်ကို အသုံးပြုပြီး ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ထုတ်ပြန်ချက်များ ထုတ်ပြန်နေခြင်းဟာ အကြမ်းဖက်လှုပ်ရှားမှု မအောင်မြင်ကြောင်း ဝန်ခံခြင်းဖြစ်သလို CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့များသည် ပြည်သူများကြားတွင် အစိုးရတစ်ရပ်အဖြစ် ဟန်ဆောင်လိမ်ညာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းများဖြစ်ကြောင်း သူတို့ကိုယ်တိုင် ထုတ်မပြောသည့်တိုင် ဝန်ခံရာရောက်နေပါကြောင်း -
နောင်တော်လေး (ဘိုကလေး)
#MNP #News


No comments:
Post a Comment