နေပြည်တော်၊ ဩဂုတ်လ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် Save the Children International (SCI) မှ အာရှဒေသဆိုင်ရာ Regional Director ဖြစ်သူ Mr. Arshad Mehmood Malik ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့က အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် Save the Children International (SCI) နှင့် ဝန်ကြီးဌာန တို့အကြား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Early Childhood Care and Development – ECCD) ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေ မှုများ၊ Save the Children International (SCI) အနေဖြင့် အဆိုပါ ECCD လုပ်ငန်းများ၌ နည်းပညာအကူအညီ ထောက်ပံ့ပေးအပ်နိုင်ရေးအခြေအနေ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save the Children International (SCI) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ Save the Children International (SCI) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mrs. Wang Le နှင့် ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#Myanmar #News


No comments:
Post a Comment