မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကျောင်းသုံးပစ္စည်း( AID METERIAL)များ ပေးအပ်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကျောင်းသုံးပစ္စည်း( AID METERIAL)များ ပေးအပ်လှူဒါန်းပွဲကျင်းပ









ဟင်္သာတ၊ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အ.ထ.က(ခွဲ) ငမဲအိုင်ကျောင်းသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တရုတ်သံရုံးမှ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကျောင်းသုံးပစ္စည်း(AID METERIAL)များ ပေးအပ်လှူဒါန်းပွဲကို ယနေ့မနက်ပိုင်းက အ.ထ.က(ခွဲ)ငမဲအိုင်ကျောင်းဧရာဝတီခန်းမတွင် ကျင်းပခဲ့သည်။ 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယဥ်ကျေးမှုသံမှူး Mr.Li Qian Guo က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်လျက်ရှိပြီး ယဥ်ကျေးမှုနှင့်ပညာရေးကဏ္ဏ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနီးကပ်စွာ ဆောင်ရွက်လျက်ရှိပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းစီမံကိန်းများကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်း(ကုမ္ပဏီ)များ၊ ကုန်သည်များအသင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံရဲ့ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကို ပါဝင်ကူညီပံ့ပိုးထားပါကြောင်း၊ ယနေ့ အခမ်းအနားတွင် ကျွန်တော်နှင့်အတူ မြန်မာ(တရုတ်)-ယူနန် ကုန်သည်များအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ လိုက်ပါလာပြီး ကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်းအပေါ်  များစွာထောက်ခံအားပေးထားပါကြောင်း၊ ဆက်လက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အစဥ်အလာချစ်ကြည်ရေး ပိုမိုတည်တံ့ခိုင်မြဲရန်နှင့် ကျောင်းသား ၊ကျောင်းသူများအနေဖြင့် ပျော်ရွှင်စရာကောင်းတဲ့ သင်ယူမှု အတွေ့အကြုံတစ်ခု ရရှိပြီး မိမိတို့ရဲ့အိပ်မက်တွေအားလုံးကို အကောင်အထည်ဖော်နိုင်ပါစေကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်စန်းယုမော်က အမှာစကားပြောကြားပြီးနောက် တရုတ်-မြန်မာ ချစ်ကြည်ရေးသက်သေအဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယဥ်ကျေးမှုသံမှူး Mr. Li Qian Guo က ငွေကျပ် သိန်း ၄၅၀ ခန့် တန်ဖိုးရှိ AID METERIAL များပေးအပ်ရာ ခရိုင်ပညာရေးမှူးက လက်ခံရယူပြီး အ.ထ.က(ခွဲ)ငမဲအိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 

ထို့နောက်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယဥ်ကျေးမှုသံမှူးအား ဂုဏ်ပြုမှတ်တမ်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီးနောက် အ.ထ.က(ခွဲ)ငမဲအိုင်ကျောင်းမှ ကျောင်းသူလေးများက မြန်မာ့ယဥ်ကျေးမှု ပုဂံခေတ်အကဖြင့် ကပြဖျော်ဖြေပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။ 

ယနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယဥ်ကျေးမှုသံမှူး Mr.Li Qian Guo၊ ဒုတိယအတွင်းရေးမှူး Mr.Chen Chaung ၊ တတိယအတွင်းဝန် Mr. Yan Sheng၊ တရုတ်(ယူနန်)ကုန်သည်များအသင်း ဥက္ကဌ Mr.Xie Miñggui နှင့် အသင်းအတွင်းရေးမှူး Mr.Duan Kebin၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)