ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး


ဗလာဒီဗော့စတော၊ စက်တင်ဘာ ၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်သို့တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်သည် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ ရုရှားအရှေ့ဖျားဖက်ဒရယ် တက္ကသိုလ်နယ်မြေရှိ အဆောက်အအုံ D ၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Sergey Katyrin က ဆောင်ရွက်ပြီး DNS Group တည်ထောင်သူ၊ အရှေ့ဖျားဒေသနှင့် အာတိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရုရှားဖက်ဒရေးရှင်း၏ ဒုတိယဝန်ကြီး၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး၊ AFC “Sistema” ၏ ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယဝန်ကြီး၊ PJSCv “DVMP” (FESCO) ၏ လိုင်းနှင့်ထောက်ပံ့ပို့ဆောင်ရေးဌာနခွဲ၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးတို့က ရုရှား-အာဆီယံ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က မြန်မာနိုင်ငံအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်ထားရှိမှု၊ နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် ဒီဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အဦများ၊ ဒီဂျစ်တယ်လုံခြုံရေး၊ Smart City ဆိုင်ရာ အခြေခံအဆောက်အဦများ၊ ဒီဂျစ်တယ်အစိုးရနှင့် ပြည်သူဗဟိုပြု ဒီဂျစ်တယ်ဝန်ဆောင်မှုများ၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပထမဆုံးသော Cyber City တစ်ခုတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြရန် ဖိတ်ခေါ်ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)