နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေပြီး တိုက် ၂၉၃ လုံး (၄၆၆၈ ခန်း) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေပြီး တိုက် ၂၉၃ လုံး (၄၆၆၈ ခန်း) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ စက်တင်ဘာ ၂၇

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်မှုအနေဖြင့် ဓနသိဒ္ဓိရပ်ကွက်တွင် အရာထမ်းကြီးအိမ်ရာ အဆောက်အအုံ နှစ်လုံး (၁၂)ခန်း၊ အကွက်အမှတ် (၈-က) တွင် အဆောက်အအုံ ၆၁ လုံး (၉၇၆ ခန်း)၊ အကွက်အမှတ် (၈-ခ) တွင် အဆောက်အအုံအလုံး ၄၀ (အခန်း ၆၄၀)၊ အကွက်အမှတ် (၃) တွင် အဆောက်အအုံ ၇၈ လုံး (၁၂၄၈ ခန်း)၊ အကွက်အမှတ် (၄) တွင် အဆောက်အအုံ ၁၁၂ လုံး (၁၇၉၂ ခန်း) စုစုပေါင်း တိုက် ၂၉၃ လုံး (အခန်း ၄၆၆၈ ခန်း) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကော်မတီအဖွဲ့ဝင်ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေသည့် နေပြည်တော်ကောင်စီနယ်မြေ အကွက်အမှတ် (၈-က) ကို ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ ပြီးစီးရေးတွန်းအားပေးဆောင်ရွက်ရန်၊ Modular House များတွင် ယာယီနေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများကို အမြန်ဆုံးနေရာချထားပေးနိုင်ရေးအတွက် ပြီးစီးနိုင်သည့် အိမ်ရာများကို ဦးစားပေးဆောင်ရွက်ပေးရန်၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဖြစ်စေရေးအတွက် ပညာရှင်များ၏ အကြံပြုချက်များကိုရယူ၍ ကျွမ်းကျင်အင်ဂျင်နီယာများ၊ လုပ်ငန်းအတွေ့အကြုံရှိသည့် တည်ဆောက်ရေးကုမ္ပဏီများဖြင့် ဆောင်ရွက်လျက်ရှိသောကြောင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လက်ရာသေသပ်ကောင်းမွန်စေရေး၊ လုပ်ငန်းခွင်သန့်ရှင်းရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးပူးပေါင်းဆောင်ရွက်ရန်နှင့် ကွန်ကရစ်လမ်း၊ လျှပ်စစ်မီး၊ ရေလိုင်းစနစ်နှင့် ရေနုတ်မြောင်းများ စသည့် Infrastructure များပါ တစ်ပါတည်းပြီးစီးရေးတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက် နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)