ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ် (၇) ရပ်ကွက်နေ ဒေါ်အေးအေးသန်းသည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရွှေနံ့သာကျေးရွာအုပ်စု ပုလဲ (၁) ရပ်ကွက် အမှတ် (၃) လမ်းမပေါ်ရှိ တံတားဖြူမှတ်တိုင်အနီး YBS ယာဉ်အားစီးနင်းရန် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက ၎င်း၏စလင်းဘတ်အိတ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ထောက်ကြန့်နယ်မြေရဲစခန်း၌ (ပ)၂၂၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် လုယက်မှုကျူးလွန်ရာ၌ ဆိုင်ကယ်မောင်းနှင်သူဖြစ်သည့် မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်နေ တရားခံ ဝင်းထွဋ် (ခ) ဂီးဂီး (၄၂) နှစ်အား မင်္ဂလာဒုံမြို့နယ် ၂ (က) ရပ်ကွက် ခရေပင်လမ်းမကြီးရှိ “ရွှေတက်လူ” လက်ဖက်ရည်ဆိုင်အနီး၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် HONDA 125 အမျိုးစားအနက်ရောင်ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ အဆိုပါဆိုင်ကယ်တွင် နောက်ထိုင်လိုက်ပါပြီး ဒေါ်အေးအေးသန်းထံမှ စလင်းဘတ်အိတ်အား လုယူခဲ့သူ မင်္ဂလာဒုံမြို့နယ် ၂ (က) ရပ်ကွက်နေ တရားခံ နိုင်အောင်ရင် (၂၈) နှစ်အား ၎င်း၏နေအိမ်မှ လုယက်မှုကျူးလွန်ရာမှရရှိသည့် Samsung အမျိုးအစားအနက်ရောင် လက်ကိုင်ဖုန်းတစ်လုံး၊ Itel K 70 အမျိုးအစားအနက်ရောင် လက်ကိုင်ဖုန်းတစ်လုံး၊ “ဒေါ်အေးအေးသန်း” အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ လူမှုဖူလုံရေးကတ်တစ်ခု၊ အစိုးရအဖွဲ့ရုံး ဝင်/ထွက်ခွင့်ကတ်တစ်ခု၊ KBZ Bank ကတ်တစ်ခု၊ “ရဲရင့်ဘုန်း” အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခု၊ ကျောင်းကြို/ပို့ကတ်တစ်ခုနှင့် အသားရောင်စလင်းဘတ် အိတ်တစ်လုံးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)