ကျိုက်ထိုမြို့နယ်တွင် QR Code စနစ်ဖြင့် စက်သုံးဆီ‌ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် QR Code စနစ်ဖြင့် စက်သုံးဆီ‌ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေး





ကျိုက်ထို၊ စက်တင်ဘာ  ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် QR Code စနစ်ဖြင့်စက်သုံးဆီ‌ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက သိမ်ဇရပ်မြို့အတွင်းရှိစက်သုံးဆီဆိုင်များ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီတို့မှ  စက်သုံးဆီအရောင်းဆိုင်များအလိုက် QR Code စနစ်ဖြင့်စက်သုံးဆီ‌ များရောင်းချနေခြင်းရှိ/မရှိ၊တရားဝင်လိုင်စင်ရှိသောယာဉ်များအား ဝှီးတက်ပြသည့်စနစ်ဖြင့် ဆီရောင်းချခြင်းရှိ/မရှိ၊စုံ/မရက်အလိုက်ဆီရောင်းချပေးခြင်းရှိ/မရှိ၊ ပုံး၊ပေပါများဖြင့်ရောင်းချပေးခြင်းရှိ/မရှိနှင့်စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ်သတ်မှတ်အချိန်အတိုင်းဆီရောင်းချပေးခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။


ပြည့်ဖြိုး

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)