စက်တင်ဘာ - ၂၆ ( စနေနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘရာဇီးနိုင်ငံရဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်ပြီး ဘရာဇီးကို "နယ်ချဲ့ကိုလိုနီ" ပြုလုပ်ကာ သဘာဝသယံဇာတတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ် လို့ သမ္မတ လူဝစ် အင်နားစီယို လူလာ ဒါ ဆီးလ်ဗား ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
လက်ဝဲယိမ်း လက်ရှိသမ္မတ လူလာဟာ လက်ယာယိမ်း အထက်လွှတ်တော်အမတ် ဖလာဗီယို ဘိုလ်ဆိုနာရို နဲ့ စတုတ္ထအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ အောက်တိုဘာ ၄ ရက်နေ့ ပထမအကျော့ ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာပဲ ဖေ့စ်ဘုတ် မိခင်ကုမ္ပဏီ မက်တာ ကုမ္ပဏီက လူလာရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဖေ့စ်ဘုတ်အကောင့် မှာ သုံးစွဲနေတဲ့ ကြော်ငြာအကောင့်ကို ပိတ်ပင်ခဲ့ပါတယ်။
မကြာမီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ သူတို့၂ ဦးက ရေပန်းစားမှုချင်း တန်းတူနီးပါး ဖြစ်နေပြီး၊ တစ်ဦးဦးက မဲအရေအတွက် တစ်ဝက်ကျော် မရရှိပါက အောက်တိုဘာ ၂၅ ရက်မှာ ဒုတိယအကျော့ ပြန်လည်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ထုတ်လွှင့်ခဲ့တဲ့ တစ်မိနစ်စာ ရုပ်သံကြော်ငြာမှာတော့ လူလာရဲ့ မဲဆွယ်အဖွဲ့က ထရမ့်အနေနဲ့ ဘရာဇီးနိုင်ငံကို ကိုလိုနီနယ်မြေအဖြစ် ပြန်လည်ပြောင်းလဲပြီး သဘာဝသယံဇာတတွေကို သိမ်းပိုက်ဖို့အတွက် ရွေးကောက်ပွဲမှာ စွက်ဖက်နေတယ်လို့ စွပ်စွဲထားပါတယ်။
အဆိုပါ ဗီဒီယိုမှာ ဘရာဇီးမဲဆန္ဒရှင်တွေကို ပစ်မှတ်ထားတဲ့ အမေရိကန်ရန်ပုံငွေသုံး နိုင်ငံရေး ကြော်ငြာတွေ၊ အမေရိကန် နည်းပညာကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်ရဲ့ စွက်ဖက်မှုအန္တရာယ်ဟာ "စိုးရိမ်ရသည့်အဆင့်" သို့ ရောက်ရှိနေပြီဆိုတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ထောက်ပြထားပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment