တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံအား ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှုတ်ဆက်နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံအား ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှုတ်ဆက်နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ






ဘရာဇီးလျား၊ စက်တင်ဘာ ၁၉

ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန (Itamaraty) ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အတွင်းဝန် Ambassador Susan Kleebank က ကြီးမှူးလျက် တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ အား နှုတ်ဆက်နေ့လယ်စာစားပွဲ အခမ်းအနားတစ်ရပ် ကျင်းပပေးခဲ့သည်။

အဆိုပါ နေ့လယ်စာစားပွဲ အခမ်းအနားသို့ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အတွင်းဝန် Ambassador Susan Kleebank နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘရာဇီးလ်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ABC) ၏ ညွှန်ကြားရေးမှူး Ambassador Ruy Pereira၊ အိန္ဒိယ၊ တောင်နှင့် တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ambassador Everton Frask Lucero၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဘရာဇီးလျားအခြေစိုက် အာဆီယံနိုင်ငံသံရုံးများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တီမောလက်စတေနိုင်ငံ သံရုံးတို့မှ သံအမတ်ကြီးများ၊ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ကင်မရွန်းသံအမတ်ကြီးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ အတွင်းဝန် Ambassador Susan Kleebank က အမှတ်တရ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံကလည်း နှုတ်ဆက်စကား ပြန်လည်ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် Ambassador Susan Kleebank က သံအမတ်ကြီးအား ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန (Itamaraty) အဆောက်အဦရှိ ခေတ်သစ်ဗိသုကာလက်ရာကို ဖော်ကျူးရိုက်ကူးထားသည့် သမိုင်းဝင်ဓာတ်ပုံတစ်ပုံအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)