အီတလီနိုင်ငံအတွင်းရှိ ကျောင်းများတွင် မျက်နှာဖုံးစွပ်ဝတ်ဆင်မှု တားမြစ်ရန် နဲ့ နိုင်ငံခြားသား ကျောင်းသားဦးရေကို ကန့်သတ်သွားမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြင်ဆင်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီတလီနိုင်ငံအတွင်းရှိ ကျောင်းများတွင် မျက်နှာဖုံးစွပ်ဝတ်ဆင်မှု တားမြစ်ရန် နဲ့ နိုင်ငံခြားသား ကျောင်းသားဦးရေကို ကန့်သတ်သွားမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြင်ဆင်လျက်ရှိ


စက်တင်ဘာ - ၂၂ 

အီတလီနိုင်ငံအတွင်းရှိ ကျောင်းများတွင် မျက်နှာဖုံးစွပ်ဝတ်ဆင်မှု တားမြစ်ရန် နဲ့ စာသင်ခန်းများလက်ခံရမယ့် နိုင်ငံခြားသား ကျောင်းသားဦးရေကို ကန့်သတ်သွားမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြင်ဆင်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပါတယ်။ 

လက်ယာယိမ်းဝါဒီ အီတလီညီအကိုများ ပါတီရဲ့လူငယ်အဖွဲ့အစည်းက စီစဉ်ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနားတစ်ခုတွင် ဝန်ကြီးချုပ် မယ်လိုနီက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး "အီတလီကလေးတွေ အနေနဲ့ စာသင်ခန်းထဲမှာ လူနည်းစုလို ခံစားနေရလို့ မဖြစ်ဘူး" ဟု ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ဆက်လက်ပြီး သူမက "စာသင်ကြားတဲ့ ဘာသာစကားကို နားမလည်တဲ့ ကလေးအရေအတွက်ဟာ များပြားလာတာ (သို့) အများစုဖြစ်လာတာဟာ ပေါင်းစည်းရေးမဟုတ်တော့ဘဲ လျစ်လျူရှုမှုသာ ဖြစ်ပါတယ်" ဟု အလေးပေး ပြောကြားခဲ့ပါတယ်။ 

ဖောင်ဒေဇီယွန် အိုင်အက်စ်အမ်ယူ သုတေသန အင်စတီကျုရဲ့ စာရင်းဇယားများအရ အီတလီမှာ နိုင်ငံသား မဟုတ်တဲ့ ကျောင်းသားဦးရေမှာ ၉၃၀,၀၀၀ ခန့်ရှိပြီး ၎င်းတို့သည် ကျောင်းသားဦးရေ စုစုပေါင်း၏ ၁၁.၆% နီးပါး ရှိနေကြောင်း သိရပါတယ်။ 

ဒါပေမဲ့ နိုင်ငံခြားသား ကျောင်းသားများအပေါ် ချမှတ်မဲ့ အဆိုပါ ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကိုမူ ဝန်ကြီးချုပ် မယ်လိုနီက  ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိထားပါဘူး။


REF: UPI

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)