နီပေါက မြေအောက် ဥမင်တွေမှာ ပိတ်မိနေတဲ့ လူတွေ က ရာပေါင်းများစွာရှိနေသေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပေါက မြေအောက် ဥမင်တွေမှာ ပိတ်မိနေတဲ့ လူတွေ က ရာပေါင်းများစွာရှိနေသေး


စက်တင်ဘာ - ၃ ( ကြာသပတေးနေ့ ) 

နီပေါနိုင်ငံမြောက်ပိုင်း ရေဘေးသင့်ဒေသတွေမှာရှိတဲ့ ရေအားလျှပ်စစ်ဥမင်လိုဏ်ခေါင်းတွေအတွင်း ရွှံ့နဲ့ ရေတွေ ပိတ်ဆို့နေတာကြောင့် မြေအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ အလုပ်သမား ၆၀၀ ကျော်ကို ကယ်ဆယ်ဖို့ ကြိုးပမ်းမှုမှာ အခက်အခဲကြုံနေကြောင်း ဝန်ကြီးချုပ် ဘာလန်ဒရာရှား က လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်က ဘိုတီကိုရှီထရီရှုလီ စင်္ကြံလမ်းကြောင်းပေါ်ရှိ ဥမင်တွေထဲကို ရေကြီးရေလျှံမှုနဲ့အတူ ရွှံ့နဲ့ မြေဆီလွှာ အမြောက်အမြား စီးဝင်သွားခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပုံမှန်မဟုတ်တဲ့ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်နေတာလို့ ရှားက ပြောပါတယ်။ ရေကြီးပြီး ၈ ရက်အကြာအချိန်အထိ အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို လက်ရှိအချိန်အထိ လူပေါင်း ၄,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDRRMA) ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁,၁၁၄ ဦးအထိ ရှိလာပြီဖြစ်ပြီး လက်ရှိအချိန် အထိကတော့ လူ ၁၂,၀၀၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နီပေါတစ်ဝန်းမှာ ပျောက်ဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရရှိဖို့ မျှော်လင့်ချက် နည်းပါးလာတာ ကြောင့် မိသားစုဝင်တွေဟာ နာရေးအခမ်းအနားတွေကို အမှတ်သင်္ကေတအဖြစ် စတင်ကျင်းပနေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်ခွဲရုံတွေမှာ နေရာမလောက်ငှတော့တာကြောင့် မည်သူမည်ဝါမှန်း မသိရသေးတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို နီပေါအာဏာပိုင်တွေက စုပေါင်းမြှုပ်နှံပေးလျက် ရှိပါတယ်။ နောက်ပိုင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် DNA နမူနာများ ရယူပြီးနောက် မှတ်ပုံတင် သင်္ကေတများ တပ်ဆင်ကာ မြှုပ်နှံပေးနေတာပါ။ ဟိမဝန္တာတောင်တန်းဒေသရှိ နီပေါနိုင်ငံရဲ့ ရင်ခွဲရုံ စုစုပေါင်း လက်ခံနိုင်စွမ်းမှာ ၃၅၀ သာ ရှိပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များ၊ စက်ကိရိယာများ စနစ်တကျ လုပ်ကိုင်နိုင်မယ့် နေရာလွတ်ရရှိဖို့ရာ ရာသီဥတု ကောင်းမွန်လာပြီး ရွှံ့တွေ လုံလောက်စွာ ခြောက်သွေ့သွားဖို့ လိုအပ်တယ်လို့ ရှာဟ်က ဆိုပါတယ်။ ဒါ့အပြင် ဥမင်တွေအတွင်း နေရာကျဉ်းမြောင်းလွန်းတာကြောင့် ရွှံ့နဲ့ ကျောက်တုံးတွေကို ဖယ်ရှားဖို့ လိုအပ်တဲ့ အဓိက စက်ယန္တရားကြီးတွေကို ဖြန့်ကျက် အသုံးပြုဖို့ အခက်အခဲရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဥမင်တွေအတွင်း ပိတ်မိနေသူအချို့ရဲ့ မိသားစုဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာနေမှုအပေါ် မေးခွန်းထုတ်နေချိန်မှာ အခုလို ဝန်ကြီးချုပ်၏ ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၆၀ မဂ္ဂါဝပ် ထွက်ရှိတဲ့ အထက် ထရီရှုလီ၃ - က  စီမံကိန်း မြေအောက်ဓာတ်အားပေးစက်ရုံအတွင်းမှာ လူ ၄၂ ဦး ပိတ်မိနေတယ်လို့ ယူဆရပြီး စီမံကိန်း ၁ မှာတော့ လူ ၅၅၇ ဦးထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)