ပခုက္ကူ၊ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမူလတန်းကြိုကျောင်း၌ ကျောင်းသား ကျောင်းသူ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြု လုပ်သည်။
ပထမဦးစွာ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်းရှင်းလင်းပြောကြားပြီး ဉာဏစွမ်းရည်ပြိုင်ပွဲ ပထမဆုရရှိသူများအား ပြန်လည်ဖျော်ဖြေကြ သည်။
ထို့နောက် ပုံပြင်ပြော၊ သီချင်းဆို၊ ကဗျာရွတ်၊ အင်္ဂလိပ်ကဗျာရွတ်၊ ပန်းချီ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူ ကျောင်းသား ကျောင်းသူ ရင်သွေးငယ်လေးများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar





No comments:
Post a Comment