ဒလ၊ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယနေ့နံနက် (၈:၃၀) အချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သံဃာတော် (၇) ပါး၊ ဒေသခံပြည်သူကျား (၄၈) ဦး၊ မ (၆၂) ဦး၊ စုစုပေါင်း (၁၁၇) ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုး၊ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ဒလတပ်နယ်မှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်
#News #Myanmar


No comments:
Post a Comment