(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ခုရရှိသူ ကျောင်းသားအား ဂုဏ်ပြုကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ခုရရှိသူ ကျောင်းသားအား ဂုဏ်ပြုကြိုဆို









ပခုက္ကူ၊ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၌ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်မှ၁၅ရက်အထိကျင်းပခဲ့သော (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ(အခြေခံပညာအဆင့်)တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၂ဆုရရှိသူ ကျောင်းသား မောင်ဟိန်းထွန်းနိုင်အား ယမန်နေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုကြသည်။

ထိုသို့ဂုဏ်ပြုကြိုဆိုရာတွင် ပခုက္ကူမြို့နယ်ပညာရေးမှူး၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဇော်မင်းဦးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်ကျောင်းသား၏မိဘဆွေမျိုးများက ပန်းစည်းများ၊ သပြေခက်များဖြင့် ဝမ်းပန်းတသာဂုဏ်ပြုကြိုဆိုကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။ 

ရွှေတံဆိပ်ဆုရှင်မောင်ဟိန်းထွန်းနိုင်မှာ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ပညာ သင်နှစ်၊Grade-7အတန်းတက်ရောက်သူဖြစ်ပြီး (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေ၊အတီးပြိုင်ပွဲ(အခြေခံ ပညာအဆင့်)တွင် အဆို(ရှေးဟောင်းကာလပေါ်တေး)နှင့် အတီး(စန္ဒယား) ၂ခုဖြင့် ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)