ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking


ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ





ပခုက္ကူ၊ စက်တင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်တန်းသား သင်တန်းသူများ၏သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်၉နာရီ အချိန်က မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပပြုလုပ်သည်။

ပထမဦးစွာ "မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း"သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကြပြီး ကျောင်းအုပ်ဆရာမ ကြီး ဒေါ်မြင့်မြင့်သန်းက သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားကာ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့နှင့်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာပြိုင်ပွဲ၊ ကဗျာလွတ်အကနှင့်ပန်းချီ ပြိုင်ပွဲ၊ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ အပြေး၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ လှံတံ ပစ်နှင့် ကိုယ်ကာယကြံ့ခိုင်ရေး(Fitness Dance)ပြိုင်ပွဲဆုရရှိသူများ၊ အကိုင်းမြေထုတ်စည်းခြင်းနှင့် ရာသီ အလိုက်ဟင်းသီးဟင်းရွက်စိုက်ခင်းပြိုင်ပွဲ၊ အိမ်တွင်းမှုစွမ်းရည်ပန်းအလှထိုးပြိုင်ပွဲနှင့်အဆောင်စံပြဆုရရှိသူ များအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမ (၆၀)ဦး၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ လေးနှစ်သင် သင်တန်းသား သင်တန်းသူ (၃၉၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား သင်တန်းသူများက ကျောင်းသီချင်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတေးသီချင်းအက အလှများဖြင့် သီဆိုကပြဖျော်ဖြေကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)