ရန်ကုန်၊ စက်တင်ဘာ ၂၆
ကမ်းရိုးတန်းသွားကုန်တင်ရေယာဉ်နှစ်စင်းလွန်းတင်ပြုပြင်ခြင်း၊ ၇၆ မီတာ ဘက်စုံသုံးကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကမ်းရိုးတန်းသွား ငါးဖမ်းရေယာဉ်နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တည်ဆောက်ရေးအလုပ်ရုံ အမှတ် ၁ ၌ ရေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများကို CNC Cutting Machine ဖြင့် ဖြတ်တောက်ခြင်းနှင့် Rolling Machine ဖြင့် ပုံဖော်ခြင်း၊ ရေယာဉ်တည်ဆောက်သည့် အောက်ခံခုံ (Moulding Bed) တွင် ရေယာဉ်ကိုယ်ထည်များ တွဲဆက်တပ်ဆင်ခြင်း၊ လွန်းလမ်းအမှတ် ၂ နှင့် အမာခံလွင်ပြင်တို့တွင် တွန်း/ ဆွဲ ရေယာဉ်သုံးစင်းနှင့် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်တစ်စင်း ပြုပြင်ခြင်း၊ လျှောလမ်းသုံး လွန်းကျင်း၏ လွန်းတင်/ လွန်းချအလုပ်ရုံ (Winch House)၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ၂၄-၉-၂၀၂၆ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်း၌ ဦးဆောင်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး Safety Officer ခန့်အပ်ကြီးကြပ်ရန်၊ အရည်အသွေး စံချိန်စံညွှန်းကိုက်ညီရေး Third Party QC Team ဖြင့် စစ်ဆေးရန်၊ ရေယာဉ်များကြံ့ခိုင်မှုနှင့် ဂဟေဆက်ကြောင်းများ လက်ရာကောင်းမွန်ရေး အလေးထားလုပ်ဆောင်ရန်မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment