ရန်ကုန် ၊ စက်တင်ဘာ ၁၇
မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပန်ကြပ်ဆီလတ်အဖွဲ့ချုပ်ဥက္ကဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရအားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။
ယနေ့ပြိုင်ပွဲ ဗိုလ်လုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး အပြပြိုင်ပွဲ ပွဲစဉ်များကို လည်းကောင်း၊ အမျိုးသားအတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅-၅၀၊ ၅၅-၆၀ ၆၀-၆၅ ၊ ၆၅-၇၀၊) ကီလိုတန်းပြိုင်ပွဲများကိုလည်းကောင်း၊ အမျိုးသမီးအတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅-၅၀၊ ၅၀-၅၅၊ ၅၅-၆၀၊ ၆၀-၆၅) ကီလိုတန်းပြိုင်ပွဲများကို အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား တစ်ကိုယ်တော်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) မှ လရောင်လင်း၊ ဒုတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) ဇင်မျိုးမင်း၊ တတိယဆုရရှိသည့် (ကချင်ပြည်နယ်) ကျော်ဆန်းလင်းတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ကလည်းကောင်း၊ အမျိုးသမီး တစ်ကိုယ်တော်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်)မှ မေသက်မှူး၊ ဒုတိယဆုရရှိသည့် (ဧရာဝတီတိုင်းဒေသကြီး) ဆွေဇင်စု၊ တတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) ဝင်းဝင်းခိုင်တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဌ ဦးရဲမြင့် ကလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။
ဆက်လက်၍ အမျိုးသားအသင်းလိုက် စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) မှ စွမ်းပြည့်ဦး၊ ကျော်မင်းခန့်၊ ဖြိုးမင်းထွေး၊ ဒုတိယဆုရရှိသည့် (ရှမ်းပြည်နယ်) မှ ဟိန်းရန်ထွန်း၊ ထက်အာကာလင်း၊ စောစေဂေး၊ တတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး) မှ ကြယ်စင်မိုး၊ ဘုန်းပြည့်စုံ၊ ဟိန်းထွန်းဇော် တို့ကိုလည်းကောင်း၊ အမျိုးသား (၅၅-၆၀) ကီလို အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) မှ ဝေယံကျော်၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) မှ မင်းခန့်သူ၊ တတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) မှ ဟန်လင်းထွေး၊ ပူးတွဲတတိယဆုရရှိသည့် (ရခိုင်ပြည်နယ်) မှ ငြိမ်းချမ်းအောင် တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေး ဝန်ကြီး ဦးနေလင်းထွန်း က တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသမီး (၅၅-၆၀) ကီလို အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ကချင်ပြည်နယ်) မှ သီတာအောင်၊ ဒုတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) မှ ခိုင်သဇင်မော်၊ တတိယဆုရရှိသည့် (ပြည်ထောင်စုနယ်မြေ နေပြည်တော်) မှ စန်းသူဇာဝေ၊ ပူးတွဲတတိယဆုရရှိသည့် (ကရင်ပြည်နယ်) မှ နန်းသဉ္ဇာမိုး တို့နှင့် အမျိုးသား (၆၅-၇၀) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်) မှ နေထူးပိုင်၊ ဒုတိယဆုရရှိသည့် (မွန်ပြည်နယ်) မှ စိုင်းဝေယံဖြိုး၊ တတိယဆုရရှိသည့် (ဧရာဝတီတိုင်းဒေသကြီး)မှ ဇွဲမာန်၊ ပူးတွဲတတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး)မှ ဟိန်းထွဋ်အောင် တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး က တစ်ဦးချင်းဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမျိုးသား (၆၀-၆၅) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်) မှ ထက်မြက်နိုင်၊ ဒုတိယဆုရရှိသည့် (ကရင်ပြည်နယ်) မှ သိန်းဇော်ဦး၊ တတိယဆုရရှိသည့် (မွန်ပြည်နယ်) မှ ညီဇေယျာမင်း၊ ပူးတွဲတတိယဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး) မှ ပြည့်ဖြိုးဦး တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဒိုင်ချုပ် ဒေါ်နော်ရီသန်း ကလည်းကောင်း၊ အမျိုးသမီး (၆၀-၆၅) ကီလိုအတိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်) မှ ဇိုးဝါးနာ၊ ဒုတိယဆုရရှိသည့် (ကချင်ပြည်နယ်)မှ ထက်မြက်မေ၊ တတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) မှ ဖြိုးဖြိုးသက်၊ ပူးတွဲတတိယဆုရရှိသည့် (ရခိုင်ပြည်နယ်) မှ သီရိမြတ်နွယ် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးသိန်းလင်း က တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသား (၄၅-၅၀) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) မှ ဇော်မျိုးထက်၊ ဒုတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး) မှ ဟိန်းသူရလင်း၊ တတိယဆုရရှိသည့် (ရခိုင်ပြည်နယ်) မှ ငြိမ်းသန့်အောင်၊ ပူးတွဲတတိယဆုရရှိသည့် (တနင်္သာရီတိုင်းဒေသကြီး) မှ ဖြိုးဝေအောင် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့် ကလည်းကောင်း၊ အမျိုးသမီး (၄၅-၅၀) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်)မှ ခင်နှင်းဖြူ၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ မြတ်ဟေမာန်ဇော်၊ တတိယဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး) မှ အိမ့်ပြည့်ပြည့်အောင်၊ ပူးတွဲတတိယဆုရရှိသည့် (ကရင်ပြည်နယ်)မှ အေးအေးနွယ် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်ခင်လေးမွန် က တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမျိုးသား (၅၀-၅၅) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်း ဒေသကြီး)မှ အောင်ပြည့်စုံနိုင်၊ ဒုတိယဆုရရှိသည့် (ကယားပြည်နယ်) မှ နေလင်းအောင်၊ တတိယဆု ရရှိသည့် (မကွေးတိုင်းဒေသကြီး) မှ အောင်မြင့်မြတ်၊ ပူးတွဲတတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) မှ ရန်ကိုကျော် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးစိန်ဝင်း ကလည်းကောင်း၊ အမျိုးသမီး (၅၀-၅၅) ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) မှ နှင်းဦးလှိုင်၊ ဒုတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) မှ သိမ့်သဇင်ထွေး၊ တတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး) မှ အိဖြိုးကျော်၊ ပူးတွဲတတိယဆုရရှိသည့် (မွန်ပြည်နယ်) မှ သွင်ဇွန်ဝင်း တို့ကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးကျော်သန်း က တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြု ဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရွှေတံဆိပ် (၃) ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရှမ်းပြည်နယ်အသင်းအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ကလည်းကောင်း၊ ရွှေတံဆိပ် (၄) ခု ကြေးတံဆိပ် (၁) ခု ဖြင့် အမျိုးသားတံခွန်စိုက်ဆု ဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁) ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ဆုဖလားများ အသီးသီးပေးအပ် ချီးမြှင့်သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ကို ၂၀၂၆ ခုနှစ်၊စက်တင်ဘာ (၁၅) ရက်မှ (၁၇) ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၄) သင်း၊ အမျိုးသမီးအသင်း (၁၄) သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အားကစားသမားအင်အား (၁၇၂) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သည်။
#News #Myanmar








No comments:
Post a Comment