ကျိုက်ထို၊ စက်တင်ဘာ ၂၁
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးသည် စက်တင်ဘာ(၂၁)ရက်မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများနှင့် တွေ့ဆုံပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး ကော့ထင်းကျေးရွာ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးသည် ကျိုက်ထိုမြို့နယ်ရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေရရှိရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပြီး ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာကြသည့် ပြည်သူ့စစ်မှုထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် အဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာသို့ သွားရောက်ကာ ကျေးရွာနေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးက ရေ ပေးဝေရေလုပ်ငန်းများ စံချိန်စံညွှန်း မှန်ကန်စွာဖြင့် အချိန်မီပြီးစီးရေးနှင့် ပြည်သူများ အမှန်တကယ် ရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး
#News #Myanmar




No comments:
Post a Comment