လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့


နေပြည်တော်၊ စက်တင်ဘာ ၂၅

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့က အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများနှင့်စပ်လျဉ်းပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့(PERKESO) နှင့် MOC လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(Social Security Office-SSO) နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရန်နှင့် တစ်မျိုးသားလုံးအကျုံးဝင် သည့်စီမံကိန်းဖြစ်စေရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးသည့်လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားကြရန် ပြောကြားသည်။

ထို့ပြင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တင်ပြသည့်အမှာစာများကို ရှင်းလင်းတင်ပြပြီး အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

အာမခံအလုပ်သမားများကို ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Payment ဖြင့် ဆေးခန်း ၇၂ ခန်းနှင့် သားဖွားခန်းရှစ်ခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများအား အမြန်ဆုံးပြန်လည်ပေးအမ်းလျက်ရှိရာ လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်များအနေဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လ အထိ ငွေကျပ် ၁၂ ဒသမ ၉၇ ဘီလီယံကျော်ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့သည်။

ထို့ပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြား နေသောသားသမီးများအတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်အဖြစ် အာမခံအလုပ်သမား ၆၈၃၇၉ ဦး၏ သား/သမီး၊ ကျောင်းသား/ ကျောင်းသူ ၈၉၉၆၇ ဦးအတွက် စုစု ပေါင်းငွေကျပ် ၃၅၈၃ ဒသမ ၀၅၀ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မန္တလေးငလျင်‌ဘေးခံစားခဲ့ရသော အာမခံအလုပ်သမားများအား သဘာဝ‌ဘေးအန္တရာယ် ကျရာက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစား ခွင့်အဖြစ် အလုပ်ဌာန ၇၁၆၃ ဌာနမှ အာမခံအလုပ် သမား ၁၃၄၂၈၃ ဦးအတွက် အကျိုးခံစားခွင့် ငွေကျပ် ၁၀၉၈၈ ဒသမ ၇၅၉ သန်းကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 


ယ်။#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)