မြောက်ဥက္ကလာ၊ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးခန့်နှင့် ဆရာ ၊ ဆရာမများ သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အမျိုးသားပြတိုက်သို့ လာရောက် လေ့လာခဲ့ကြသည်။
ထိုသို့ သွား ရောက် လေ့လာစဉ် အမျိုးသားပြတိုက်မှ တာ၀န်ရှိသူများက မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ၊ ဆရာမများအား အမျိုးသားပြတိုက်၏ သက်တမ်း ၊ မြန်မာ့သမိုင်း နှင့် ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများ စသည့် အ ကြောင်း အရာများကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ ကြ ကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar






No comments:
Post a Comment