ဒီဂျစ်တယ်စီးပွားရေးခေတ်သစ်တွင် ယှဉ်ပြိုင်မှု၏ အခွင့်အလမ်းသစ်များနှင့် ပြောင်းလဲလာသော စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီဂျစ်တယ်စီးပွားရေးခေတ်သစ်တွင် ယှဉ်ပြိုင်မှု၏ အခွင့်အလမ်းသစ်များနှင့် ပြောင်းလဲလာသော စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 


ရန်ကုန်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်း၍ “ဒီဂျစ်တယ်စီးပွားရေး ခေတ်သစ်တွင် ယှဉ်ပြိုင်မှု၏ အခွင့်အလမ်းသစ်များနှင့် ပြောင်းလဲလာသောစိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေမူဘောင်နှင့် အသစ်ပေါ်ပေါက်လာသည့် ဒီဂျစ်တယ်ဈေးကွက်ဆိုင်ရာကိစ္စရပ်များအကြား ဆက်စပ်မှု၊ မူပိုင်ခွင့်မှတစ်ဆင့် ဆန်းသစ်တီထွင်မှုကို အားပေးမြှင့်တင်ပြီး ဈေးကွက်အတွင်း လုပ်ငန်းအသစ်များ ဝင်ရောက်လာစေရေးအတွက် အထောက်အကူပြုနိုင်မည့် နည်းလမ်းများ၊ ဒီဂျစ်တယ်ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ဆဲကာလတွင် သင့်လျော်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍများကို ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်ကဆောင်ရွက်ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဖြစ်သည့် ဒေါက်တာသီတာစန်း၊ ဦးဇေယျသူရမွန်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးသွယ်နှင့် Myanmar Digital Economy Association (MDEA) ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ အနေဖြင့် Market Co-creation အယူအဆအတိုင်း ဈေးကွက်များကို အတူတကွဖန်တီးပေးခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုချဲ့ထွင်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ 

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ စကားဝိုင်းဆွေးနွေးသူများနှင့် ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)