ပခုက္ကူမြို့၌ အွန်လိုင်းဆက်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက် ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ အွန်လိုင်းဆက်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက် ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး




ပခုက္ကူ၊ အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များအား အွန်လိုင်းဆက်ရေးဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စေရေး ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ပခုက္ကူ)မှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများပူးပေါင်း၍ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များထံ ကွင်းဆင်းကာ အွန်လိုင်းမှတ်ပုံတင်လိုင်စင်ဆောင်ရွက်ထားမှုရှိ/မရှိ၊ အွန်လိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းပုံစံများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် သတင်းအချက်ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပညာပေးထားမှု ရှိ/မရှိ၊ စားသုံးသူပြည်သူများ အား အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှု ပေးနိုင်မှု ရှိ/မရှိ၊ စားသုံးရန် မသင့်သော စားသောက်ကုန်များနှင့် သုံးစွဲ ရန်မသင့်သော လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုရှိ/မရှိ၊ သတ်မှတ်ချက်နှင့်အညီ ကုန်ညွှန်းအမှတ် အသားများဖော်ပြပါရှိမှု ရှိ/မရှိနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများဖြန့်ဖြူး ရောင်းချထားမှု ရှိ/မရှိ အခြေအနေတို့ကို မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးအတည်ပြုခြင်း၊ လုပ်ငန်းရှင်များနှင့်အရောင်းဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 


ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)