တောင်ငူ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆေးထိုးစုရပ် အသီးသီး၌ ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆေးထိုးစုရပ် အသီးသီး၌ ဆက်လက် ထိုးနှံပေးလျက်ရှိ


တောင်ငူ၊ နိုဝင်ဘာ  ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆေးထိုးစုရပ် ဖြစ်သည့် မြစည်းခုံသာသနာ့ဗိမာန်ဝန်း၊ အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်း၊ ကေတုမတီမြို့သစ် မြို့ဦးကျောင်းတိုက်၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်း တို့၌ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ EAO များ၊ အကျဉ်းထောင်များမှ အကျဥ်းသား အချုပ်သားများ၊ ဟိုတယ် မိုတယ်နှင့် တည်းခိုခန်းအစားအသောက် ဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ထမ်းများ၊ စျေးသူစျေးသားများနှင့် စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါ အခံရှိသူများအား တစ်ရက်လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံနိုင်မည့်သူများအား စနစ်တကျထိုးနှံနိုင်ရေး အတွက် အမှတ် ၈ ရပ်ကွက် ဂယ်ခိုဂယ်ဘားခရစ်ယာန်ကျောင်း၌ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးထိုးမှု အစီအစဉ်များအား ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်ကြိမ်မြောက် ထိုးနှံပြီးစီးသူများအား ​ဆေးထိုးနှံပြီးစီးကြောင်း Qr Code ပါ လက်မှတ်များ  ထုတ်​ပေးလျက်ရှိကြောင်း သိရသည်။                                                                                                                

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)