တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ ်(Second Dose) တွင် (၃၈၂၀) ဦးနှင့် စတုတ္ထအသုတ် ( First Dose ) တွင်(၂၅၁၉)ဦး ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ ်(Second Dose) တွင် (၃၈၂၀) ဦးနှင့် စတုတ္ထအသုတ် ( First Dose ) တွင်(၂၅၁၉)ဦး ထိုးနှံပြီးစီး



တံတားဦး၊ နိုဝင်ဘာ  ၂၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ တတိယအသုတ် (Second Dose) နှင့် စတုတ္ထ အသုတ် (First Dose) များ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ စူပါမားကတ် ဈေးရောင်း ချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် တတိယအသုတ် (Second Dose) တွင် ကာကွယ်ဆေးထိုးနှံပြီးစီးသူ အသက် (၁၈) နှစ်အထက်  ဘုန်းတော်ကြီးနှင့်သီလရှင် (၆၇) ဦး ၊ နိုင်ငံဝန်ထမ်း (၈၇) ဦး၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၂)ဦး ၊  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၃၁) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၂၂) ဦး၊ ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း (၆) ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၂၆၆၂)ဦး၊ စားသောက်ကုန် ပစ္စည်းရောင်းချသူ / လက်ဖက်ရည်ဆိုင် / စားသောက်ဆိုင်များမှဝန်ထမ်း (၁၅၉ )ဦး ၊  မှီခိုနေထိုင်သူ( ၇၈၄ )ဦး ၊ စုစုပေါင်း (၃၈၂၀) ဦး ၊ စတုတ္ထအသုတ် (First Dose) တွင်  ဘုန်းတော်ကြီးနှင့် သီလရှင် (၁၄)ဦး ၊ နိုင်ငံဝန်ထမ်း( ၁၁၄ )ဦး၊  ပုဂ္ဂလိကစက်ရုံ ၊ အလုပ်ရုံဝန်ထမ်း( ၂၀ )ဦး ၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း(၂၇)ဦး ၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း(၂) ဦး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ (၁၁) ဦး၊ အခြားဝင် ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၁၈၃)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်များမှဝန်ထမ်း (၁၇)ဦး၊  မှီခိုနေထိုင်သူ(၂၈၇)ဦး၊  အခြေခံပညာကျောင်းသား၊ ကျောင်းသူများ (၈၄၄)ဦး၊ စုစုပေါင်း(၂၅၁၉)ဦး ကိုဗစ်-၁၉‌ရောဂါ ကာကွယ်၊ ထိန်းချုပ်ဆေး ထိုးနှံပြီးစီးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး တတိယအသုတ် (Second Dose) နှင့် စတုတ္ထအသုတ် (First Dose) ထိုးနှံပေးခြင်းကို  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင် လူမှုရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၌ သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီအချိန်ထိ  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

သတင်း - ရဲတင့်                                                                                                                 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)