စလင်းမြို့ မြို့မဈေးမီးလောင်ချိန်မှာ ပစ္စည်းလုယက်သူများရှိခဲ့ဟုဒေသခံများ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့ မြို့မဈေးမီးလောင်ချိန်မှာ ပစ္စည်းလုယက်သူများရှိခဲ့ဟုဒေသခံများ ဆို




စလင်း၊ နိုဝင်ဘာ ၂၄

မနေ့ညက စလင်းမြို့မီးလောင်ချိန်မှာ မီးလောင်နေတဲ့ ဆိုင်ခန်းတွေက ပစ္စည်းတွေနဲ့ မလောင်တဲ့ဆိုင်က ပစ္စည်းတွေပါ လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စလင်းမြို့မဈေးနဲ့ ကပ်နေတဲ့ ဆိုင်ခန်းတွေက မီးလောင်တဲ့အထဲမှာ မပါပေမယ့် ဖောက်ထွင်းခိုးခံရသလို မီးလောင်နေတဲ့ ဈေးတွင်းက ဆိုင်တချို့ကိုလည်း ဝင်လုကြသူတွေရှိတယ်လို ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"တချို့ဆိုင်တွေက ဖွင့်ကြတော့အတင်းဝင်လုခံကြရတာ၊ ဇောတိက စတိုးဆိုင်ဆို တစ်ဆိုင်လုံးကို ဗီရိုတွေဖျက်ပြီးယူသွားကြတာပါ၊ဈေးထဲက ဆိုင်ခန်းတွေကပစ္စည်းတွေလည်း ဝင်အလုခံရပါတယ်၊လူတွေက သူ့များဒုက္ခရောက်နေတာကို မကူညီပဲ လုပ်ရက်ကြတယ်၊ဆိုင်ခန်းတော်တော်များဝင်အလုခံရတယ်" လို့သူက ပြောပါတယ်။

မကွေးတိုင်း စလင်းမြို့ မြို့မဈေးမှာ ညနေ ၆နာရီလောက်က စတင်လောင်ခဲ့တဲ့ မီးဟာ တစ်နာရီနီးပါးလောင်ကျွမ်းခဲ့ပြီး  ဆိုင်ခန်းပေါင်း ၇၃၆ ခန်းမှာ အထည်ဆိုင်၊ တောကုန်ဆိုင်၊ ကုန်စုံဆိုင် စတဲ့ဆိုင်တွေအပါအဝင် ဆိုင်ခန်းပေါင်း ၁၂၉ ခန်း မီးလောင်ပျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)