မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အထက (၂၇)မှ ကျောင်းတက်နေသည့် ကျောင်းသား/ ကျောင်းသူများအား အကြမ်းဖက်အုပ်စုက ခြိမ်းခြောက်နေသည့်အပေါ် မိဘများ စိုးရိမ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အထက (၂၇)မှ ကျောင်းတက်နေသည့် ကျောင်းသား/ ကျောင်းသူများအား အကြမ်းဖက်အုပ်စုက ခြိမ်းခြောက်နေသည့်အပေါ် မိဘများ စိုးရိမ်နေ


မန္တလေး၊ ဒီဇင်ဘာ ၂၀

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထက (၂၇) မှ ကျောင်းသား/ ကျောင်းသူ (၁၀)ဦး၏ အမည်များနှင့်တကွ ဖော်ပြ၍ Social Punishment လုပ်ရန် ခြိမ်းခြောက်နေသည့်အပေါ် ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိသည်။

ထိုသို့ NUG, CRPH အကြမ်းဖက်အဖွဲ့များကို ထောက်ခံသူများက Social Punishment လုပ်ရန် ခြိမ်းခြောက်ထားသည့်အပေါ် ကျောင်းသားမိဘတစ်ဦးက "ဆရာမတွေကတော့ ကျောင်းထဲအပိုင်းကို တာဝန်ယူတယ်လို့ ပြောတယ်ပေါ့ဗျာ။ ကျောင်းရောက်ရင်တော့ ဘာမှ မဖြစ်စေရဘူးပေါ့။ ဒီလိုခြိမ်းခြောက်ထားတော့ ကလေးကလည်း ကြောက်တာပေါ့။ ကျွန်တော်တို့ အနေနဲ့လည်း စိုးရိမ်တယ်ဆိုတာက အကြမ်းဖက်သမားတွေက အလစ်ကိုချောင်းပြီး လုပ်ကြံတာမျိုးဆိုတော့ စိုးရိမ်တာတော့ အမှန်ပဲ။ ဒီလိုလုပ်နေတာတွေကို တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် တားဆီးပေးစေချင်ပါတယ်။" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုသည်။

No.27 Basic Education Students' Union- Mandalay Industrial Zone - 1 Facebook Page တွင် ကျောင်းတက်နေသည့် ကျောင်းသား / ကျောင်းသူများကို ခြိမ်းခြောက်ထားခြင်းဖြစ်သည်။ 

အလားတူ ရန်ကုန်မြို့ပေါ်တွင်လည်း NLD အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများက ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြပြီး ဆရာမများကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)