နေပြည်တော်၊ ဒီဇင်ဘာ ၂၀
စက်ရုံအလုပ်သမားများကြားတွင် တစ်ရက်လုပ်အားခ (၄၈၀၀)မှ (၃၆၀၀)သို့ လျှော့ချမည်ဆိုခြင်းကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိရာ အဆိုပါသတင်းနှင့် ပတ်သက်၍ သတင်းဌာနတစ်ခုက သတင်းမှန် ပြန်ကြားရေးဌာနသို့ မေးမြန်းသည့်အပေါ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က မဟုတ်မှန်ကြောင်း ရှင်းလင်းပြောဆိုထားသည်။
သတင်းမှန် ပြန်ကြားရေးအဖွဲ့က " မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈နာရီ တစ်ရက်အတွက် ၄၈၀၀ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန်အထိ အတည်ဖြစ်ပါကြောင်းနှင့် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်မှာ တိုးခြင်း/ လျှော့ချခြင်း မရှိပါကြောင်း" ပြန်လည်ဖြေကြားထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment