ဆီးရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း ပေါက်ကွဲနိုင်သောစစ်ကျန်ပစ္စည်းများကြောင့် အရပ်သား ၂၄၁ ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း ပေါက်ကွဲနိုင်သောစစ်ကျန်ပစ္စည်းများကြောင့် အရပ်သား ၂၄၁ ဦး သေဆုံး



ဒမတ်စကပ်စ် ၊ ဒီဇင်ဘာ ၂၇ 

ဆီးရီးယားနိုင်ငံအနှံ့ ယခင်စစ်ပွဲဖြစ်ပွားသည့် နယ်မြေများ၌ ကျန်ရှိသော မြေမြှုပ်မိုင်းများ နှင့် အခြားပေါက်ကွဲနိုင်သောပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်အတွင်း အရပ်သား ၂၄၁ ဦး သေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ 

ပေါက်ကွဲမှုများကြောင့် သေဆုံးသူများတွင် ကလေးငယ် ၁၁၄ ဦး နှင့် အမျိုးသမီး ၁၉ ဦး ပါဝင်ကြောင်း ၊ အများစုမှာ ပထမသုံးလပတ်တွင် ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။ 

ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများအား ဆီးရီးယားနိုင်ငံမှ စစ်ပွဲအကြွင်းအကျန်များ ဖယ်ရှားရေးကူညီရန် နှင့် ထိုကဲ့သို့သောပစ္စည်းများ၏ အန္တရာယ်နှင့်ပတ်သက်၍ ဆီးရီးယားပြည်သူများ၏ နားလည်သဘောပေါက်မှုကို မြှင့်တင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ 

ဆီးရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ SANA က မြေမြှုပ်မိုင်းများကြောင့် အရပ်သားသေဆုံးရသည့် ဖြစ်စဉ်များစွာအား ဖော်ပြခဲ့ပြီး ၁၀ နှစ်ကြာ ဆီးရီးယားစစ်ပွဲအတွင်း အကြမ်းဖက်အုပ်စုများက ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် မိုင်းများ မြှုပ်နှံထားခဲ့သည်ဟု ဆိုသည်။

ပုံစာ - ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့အရှေ့ဘက် Ghouta ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးသည့်နေရာတစ်ခု၌ ပုန်ကန်သူများ ကျန်ခဲ့သည့် ဗုံးများအား စစ်တပ်က ဖောက်ခွဲမှု ပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်တွင် တွေ့ရစဉ် 


Ref - (ဆင်ဟွာ)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)