နီနီ ရဲရဲ ပြဲပြဲကြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီနီ ရဲရဲ ပြဲပြဲကြီး



ငြိမ်းချမ်းရေးကို အစဉ်သဖြင့် လိုလားကြတဲ့ ပရိတ်သတ်ကြီး ကြုံတွေ့ခံစားနေရတဲ့ အကြမ်းဖက်မှုအန္တရာယ်တွေ ကင်းပျောက်ငြိမ်းပြီး စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသားခြင်းနဲ့ ပြည့်စုံကြပါစေကြောင်းဗျာ . . .

ဆူပူ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်၊ လုပ်ကြံ သတ်ဖြတ် မှုတွေ ကျူးလွန်နေကြတဲ့ NLD, PDF အစွန်းရောက် အကြမ်းဖက်တွေနဲ့ အစွန်းရောက် အကြမ်းဖက်တွေကို အားပေးထောက်ခံနေကြတဲ့ နီပိန်း၊ နီပိတ်တွေကတော့ မင်္ဂလာမရှိတဲ့ လုပ်ရပ်တွေကို အဟုတ်ထင်၊ သေတွင်းထဲ တွန်းပို့နေတဲ့ ဆူပူအကြမ်းဖက် လှုံ့ဆော်သူတွေကို Hero လို့ ထင်၊ NLD, PDF အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်လိုက်လို့ တခြားသူ သေရင် ဝမ်းသာ အားရဖြစ်နေကြပြီး အဓမ္မကို ဓမ္မထင်နေသူတွေကိုတော့ ဘယ်လိုဆုတောင်းပေးရမလဲ မစဉ်းစားတတ်အောင် ပါပဲဗျာ။


ဒီကာလမှ ပြည်သူတွေ ခက်ခဲကြပ်တည်းနေကြပေမယ့် NLDပါတီနဲ့ ၈၈ပွင့်လင်းက နိုင်ငံရေးဆူပူအုံကြွမှုဖြစ်အောင် ဖန်တီးလှုံ့ဆော်သူတွေမှာတော့ ငွေတွေ အလွန်အမင်း ပေါများနေတာကို တွေ့ရသဗျ။ NLD, ၈၈ တွေ အမိုက်ဇာတ်ခင်းခဲ့ပုံကို စကနေ ပြန်ကောက်ပြောမှာ ပြည့်စုံမှာ ဖြစ်လို့ NLD အစိုးရရဲ့ မဲလိမ် မဲခိုး မဲမသမာမှုတွေကြောင့် တပ်မတော်က အာဏာထိန်းပြီးစ ဖေဖော်ဝါရီလ (၄)ရက်၊ (၅) ရက်ပေါ့ဗျာ။ BBC, VOA, RFA , DVB, Mizzima, The Irrawaddy, Khit Media, Myanmar Now အစရှိတဲ့ ပြည်ဖျက်မီဒီယာတွေမှာ NLD, ၈၈ က ဆူပူအကြမ်းဖက် လှုံ့ဆော်သူတွေက တပ်မတော်ကပဲ အာဏာလုယူသယောင် အာဏာသိမ်းစစ်အုပ်စု ဆိုပြီး စတင်တိုက်ခိုက်ပြီ။ ဖေဖော်ဝါရီ (၅)ရက်နေ့မှာပဲ လှည်းတန်းမှာစပြီး လူစုလူဝေး လုပ်ပြီ။ မှိုင်းတိုက်မီဒီယာတွေကနေ တပ်မတော်ကို ထိုးနှက်တိုက်ခိုက်ပြီး လှုံ့ဆော်လာတော့ လူစုလူဝေးက ပိုပိုများလာတယ်။ နစက ဥက္ကဋ္ဌကြီးကတော့ ဒီမိုကရေစီအခွင့်အရေး ပေးပါတယ်ဆိုပြီး လွှတ်ထားတာပေါ့ဗျာ။ 


တကယ်ဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြချင်ရင် ငြိမ်း/စု/စီ ဥပဒေနဲ့အညီ တင်ပြရမယ်။ လက်နက်မပါဘဲ အေးချမ်းစွာ ဆောင်ရွက်ရမယ်။ တာဝန်ရှိတဲ့သူတွေက သဘောကောင်းမှန်းသိတော့ ဆူပူအကြမ်းဖက်လိုသူတွေ သွေးတိုးစမ်းလာကြတယ်။


ဒီနေရာမှာ အဓိက ပြောချင်တဲ့ အချက်က NLD, ၈၈ တွေဟာ သူတို့ရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုမှာ ပူုးပေါင်းပါဝင်ခြင်း မရှိတဲ့ ထင်ပေါ်ကျော်ကြားသူ အနုပညာရှင်တွေကို စပြီး Social Punishment လုပ်ဖို့ လှုံ့ဆော်တယ်။ အနုပညာရှင်ဆိုတာက ပရိတ်သတ်အားနဲ့ လုပ်စားရတဲ့သူတွေဖြစ်လေတော့ NLD နိုင်ငံရေးသမား လူလည်တွေက လူမှုကွန်ရက်ပေါ်တင်ပြီး သောက်ရှက်ခွဲတာကို မခံနိုင်ကြဘူး။ မခံနိုင်ကြရာကနေ လက်သုံးချောင်ထောင်၊ ပရိုဖိုင်ချိန်းပေးပြီး ယောင်ခြောက်ဆယ် ပါဝင်လာကြတယ်။ NLD, ၈၈ နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ ယုတ်မာကြမလဲဆိုတာကိုတော့ သူတို့ စဉ်းစားမိဟန် မတူဘူး။ အဲဒီလို နိုင်ငံရေးကို နဂန်းတစ်လုံးနားမလည်တဲ့ အနုပညာရှင်ဆိုသူတွေက လက်သီးလက်မောင်းတန်းပြီး နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်စာတွေကို သူတို့ရဲ့ လူမှုကွန်ရက်တွေကနေ ပြန်လည်ဖော်ပြကြတယ်။ နောက်တော့ လမ်းပေါ်ထွက်ပြီး သူရဲကောင်းကြီးတွေ၊ တော်လှန်ရေးသမားကြီးတွေလို သရုပ်ဆောင်ပြတယ်။ အဲဒီမှာ နိုင်ငံရေးသမားတွေက သူတို့ ရရှိထားတဲ့ တရားမဝင် ငွေကြေးအထောက်အပံ့တွေကို အနုပညာရှင်တွေရဲ့ ဘဏ်အကောင့်ထဲကို သိန်းပေါင်း သောင်းချီပြီး လွှဲပေးထားတယ်။ ဆူပူအကြမ်းဖက် လှုပ်ရှားမှုတွေမှာ စေတနာရှင်ကြီးတွေ လုပ်ကြဖို့ပေါ့။ အနုပညာကြေး သိန်းဆယ်ဂဏန်း၊ ရာဂဏန်းသာ ရတဲ့ အနုပညာရှင်တွေကို သိန်းထောင်ချီ၊ သောင်းချီပေးတယ်ဆိုတော့ အနုပညာသမား ဖီးတက်ပြီပေါ့။ အနုပညာရှင်တွေကို နိုင်ငံရေးသမားများ ကြုံသွင်းပုံနော်။


ဒါတွေကို အဟုတ်ထင်ပြီး လူငယ်တွေက လိုက်ပါလာကြတယ်။ နိုင်ငံရေးသမားတွေက သိန်းဆယ်ဂဏန်း၊ ရာဂဏန်းသာ တန်တဲ့ အနုပညာရှင်တွေကို သိန်းထောင်ဂဏန်း၊ သောင်းဂဏန်း ပေးပေမယ့် ဆူပူဆန္ဒပြမှုတွေနောက် ရောယောင် လိုက်ပါလာကြတဲ့ လူငယ်တွေကိုတော့ ထမင်းဗူးဝေသလိုလိုနဲ့ ထမင်းဗူးထဲ ငါးထောင်၊ တစ်သောင်းထည့်ပေးပြီး ဆန္ဒပြပွဲတွေကို နေ့စဉ်ရက်ဆက် ပူးပေါင်းပါဝင်ဖို့ ကြုံးသွင်းတယ်။ မအေးလိုး မအလ လို့ ဆဲပြီး တစ်နေ့ ငါးထောင်၊ တစ်သောင်းရတော့ မပင်ပန်းပဲနဲ့ ပျော်ပျော်ပါးပါး နေ့စားရနေကြတာပေါ့ဗျာ။ နီပိန်း၊ နီပိတ်တွေက သူများကိုသာ ငါးထောင်စားလို့ ပြောတာ။ သူတို့ကမှ တကယ့် ငါးထောင်းစား အသုံးချခံ နိုင်ငံရေးနွားလေးတွေ ဖြစ်ခဲ့ရတာကို သူတို့ မသိရှာဘူး။ 


ဒါက လူငယ်တွေကို ကြုံးသွင်းလိုက်တဲ့ နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်။ အဲဒီလို ကြုံးသွင်းခံလိုက်ရတဲ့ လူငယ်လေးတွေဟာ အခုအချိန်မှာတော့ အကြမ်းဖက်သမား၊ လူသတ်သမား၊ ဖောက်ခွဲရေးသမားလေးတွေ ဖြစ်နေကြပြီပေါ့ဗျာ။


ရှိပါစေတော့ ပရိတ်သတ်ကြီးရယ်၊ ကောင်းစေချင်လို့ ပြောလည်း အကောင်းမမြင်တဲ့ နီပိန်း နီပိတ်တွေကို ပြောချင်စိတ်ကို မရှိတော့တာပါ။


အဓိက ပြောချင်တာကတော့ ပြည်သူတွေကြားထဲမှာ နီပိန်း၊ နီပိန်း အကြမ်းဖက်သမားတွေဆီက လာဘ်လာဘယူပြီး အပြစ်မဲ့ ပြည်သူတွေကို အတိဒုက္ခရောက်အောင် ဖန်တီးနေတဲ့ နီနီ ရဲရဲ ပြဲပြဲကြီး ဖရဲသီးတွေအကြောင်းပေါ့။

တရားမဝင် ငွေကြေး၊ လက်နက် အထောက်အပံ့တွေယူပြီး တိုင်းဖျက်ပြည်ဖျက် လုပ်မယ့် NLD, ၈၈ တွေဟာ အစိုးရဝန်ထမ်း ရဲတွေ၊ ထွေအုပ်တွေ ငွေငတ်တာကို သိတယ်ဗျ။ ငွေငတ်တယ်ဆိုလို့ သူတို့ကို လစာမပေးဘဲ ထားတာတော့ မဟုတ်ဘူး။ ရာထူးနဲ့လျော်ညီတဲ့ လစာရိက္ခာလည်း ပေးပါတယ်။ သူတို့က သမာအာဇီဝကျကျ ရတဲ့ လစာရိက္ခာထက် အဆတစ်ရာမက လိုချင်ကြတာ။ ငါ့ရာထူး၊ ငါ့တာဝန်နဲ့ဆို ဘယ်လို လုပ်စားလို့ ရတယ်ဆိုတာပဲ တွက်နေကြတာ။ NLD ဝန်ကြီးတွေ အဂတိလိုက်စားလို့ ထောင်ထဲရောက်ကုန်တာကို သင်ခန်းစာ မယူကြဘူး။

NLD, ၈၈ အကြမ်းဖက်သမားတွေကို အမှုဖွင့်ဆိုရင် ဖွင့်တယ်။ NLD, ၈၈ အကြမ်းဖက်သမားက ငွေထုပ်ထိုးပေးပြီး ဆရာရယ် အမှုပိတ်ပေးပါ၊ သနားပါ၊ ငဲ့ညှာပါဆိုရင် လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး စေတနာရှင်ကြီးတွေလို အမှုပိတ်ပေးရတာနဲ့၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ ထုတ်ပေးရတာနဲ့ သဘောအလွန်ကောင်းပေါ့။ ကောင်းချင်လို့ ကောင်းတာတော့ မဟုတ်ဘူး။ ငွေထုပ်ရထားလို့ ကောင်းတာ။ မရှိနွမ်းပါး ဆင်းရဲသား အမှုကိစ္စဖြစ်လို့ သွားပြီး အကူအညီတောင်းကြည့်ပါလား။ ဟိန်းလား၊ ဟောက်လား၊ ဆဲလား၊ ဆိုလားနဲ့။


အဲဒီလိုတွေဗျ။ အားလုံးကိုတော့ မဆိုလိုပါဘူးဗျာ။ ဘယ်အဖွဲ့အစည်းမှာမဆို ဒီလို ကိုယ်ကျိုးရှာမယ့် လူတွေက ရှိနေတာပဲ။ မိမိရာထူး တာဝန်အရ သိက္ခာရှိရှိ၊ မှန်မှန်ကန်ကန် ဆောင်ရွက်နေသူတွေလည်း အများကြီး ရှိပါတယ်။ လူကောင်းတစ်ရာ ထဲမှာ လူဆိုးတစ်ယောက် ရှိနေရင် လူကောင်း ၉၉ ယောက်က အဲဒီလူဆိုးတစ်ယောက်ကို ကောင်းလာအောင် မလုပ်နိုင်ဘဲ လူဆိုးနောက်ကို လူကောင်းတွေက ပါသွားကြလို့ လူဆိုးတွေ များလာတတ်တဲ့ သဘောလည်း ရှိတယ်။ 


ရန်ကုန်မြို့ပေါ်မှာ ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ဖျားယောင်းသွေးဆောင်ပြီး အမျိုးသားတစ်ယောက်က ခိုးပြေးသွားတယ်။ ဘာညာ လုပ်လိုက်တယ်ပေါ့ဗျာ။ မိခင်က အမှုသွားဖွင့်တော့ အမှုဖွင့်မပေးဘဲ ညှိပေးတယ်တဲ့။ လုပ်ပိုင်ခွင့် အလွဲသုံးစားနော်။ နောက်တော့ ဆရာတော်တွေနဲ့ အမှုသွားဖွင့်မှ အမှုဖွင့်ပေးလို့ မုဒိန်းကောင် ထောင်အနှစ် ၂၀ ကျသွားတယ်။


တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက ကိုကျော်မျိုးသက် အသတ်ခံရသည့်ဖြစ်စဉ် -

NLD, PDF အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ကြောက်လို့ USDP ပါတီဝင်တွေက တခြားကို တိမ်းရှောင်နေကြတယ်။ အဲဒီရွာက အကြမ်းဖက်ခေါင်းဆောင် ဦးစန္ဒိမာက မင်းတို့ မိသားစုတွေ ပြန်လာခဲ့ပါကွ၊ ရဲကိုလည်း မတိုင်ပါနဲ့၊ တပ်ကိုလည်း သတင်းမပေးပါနဲ့၊ မင်းတို့ အေးအေးဆေးဆေး နေလို့ ရအောင် ငါညှိပေးပါမယ်” လို့ ပြောလို့ ကိုကျော်မျိုးသက် ယုံကြည်ပြီး ပြန်သွားခဲ့တယ်။ ဘုန်းကြီးကျောင်းပေါ်မှာတင် အကြမ်းဖက်ခေါင်းဆောင် ဦးစန္ဒိမာနဲ့ NLD, PDF တွေက ရက်ရက်စက်စက် ဝိုင်းသတ်လိုက်ကြလေရဲ့ဗျာ။ ကိုကျော်မျိုးသက်ရဲ့ ဇနီး သားသမီး (၃)ယောက်နဲ့ မုဆိုးမဖြစ်ခဲ့ရပြီ။ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုကို စာဖွဲ့ပြနေတာ မဟုတ်ဘူး။

ကူညီပါရစေလို့ ဆိုင်းဘုတ်တပ်ထားတဲ့ တန့်ဆည်မြို့ပေါ်က ရဲစခန်းမှာ ခိုလှုံစရာမရှိလို့ ခိုလှုံနေတဲ့ ကိုကျော်မျိုးသက်ရဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ခွေးမောင်းသလို မောင်းထုတ်တာ ခံရတယ်။ ရက်စက်ပါပေ့ ဆိုတာထက် ရက်စက်လွန်းပါပေါ့။ 

ဒီထက်ပိုပြီး ရက်စက်တာက ဦးစန္ဒိမာကို ဖမ်းထားပြီး ၂ရက်လောက် ချုပ်ထားပြီးမှ အနောက်ကနေ ငွေထုပ်နဲ့ လိုက်ထုပ်လို့ ရဲအုပ်က လွှတ်ပေးလိုက်သတဲ့ဗျာ။ ပွဲပျက်ကရော။


အခြားသော ဖြစ်စဉ်တွေ အကြမ်းဖက်သမားတွေ ခိုအောင်းနေလို့ သတင်းပေးတိုင်ကြား၊ ရဲစခန်းက အကြမ်းဖက်သမားကို ရှောင်ခိုင်ပြီး သတင်းပေးတိုင်ကြားတဲ့ သူကို အမှုပြန်ပတ်အောင် လုပ်တာ။ ဘယ် ပြည်သူက ယုံယုံကြည်ကြည် သတင်းပေးဝံ့ပါတော့မလဲဗျာ။

စာရေးသူက ရဲတပ်ဖွဲ့ကိုသာ ပြောလိုခြင်းမဟုတ်ဘူး။ တပ်မတော်က တာဝန်ယူထားတဲ့ ကာလ တပ်မတော်အရာရှိတွေ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါတယ်။ တချို့ တချို့သော အရာရှိတွေ NLD, PDF တွေဆီက ငွေထွက်မှန်းသိတော့ ဥပဒေနဲ့အညီ လုပ်ရမယ့် အလုပ်ကို မလုပ်ဘူး။ အဂတိလိုက်စားပြီး ဥပဒေ လက်တစ်လုံးခြား လုပ်ကြတယ်။ နီပိတ် ဘောစိတွေက ကြုံးသွင်းတာကို ယုံကြည်ကြတယ်။ ကျုပ်တို့က ပြည်သူအပေါ် မခွဲခြားဘူး။ နီနီ စိမ်းစိမ်း ဆိုတာက ပါလိုက်သေးတယ်။ နီပိန်း ကြုံးသွင်းတာ ခံထားရတဲ့ အရာရှိတွေရဲ့ ပါးစပ်က ထွက်တဲ့ စကားပေါ့ဗျာ။


 အရင်းစစ်တော့ အမြစ်မြေက တဲ့၊ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက် ဆိုတာမျိုးပါပဲ။ လုံခြုံရေး တာဝန်ကျ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက နီးပိန်း အကြမ်းဖက်သမားတွေနဲ့ နပန်းလုံးနေရတယ်။ ဖမ်းမိတဲ့ နီပိန်း အကြမ်းဖက်သမားတွေကို နစကအကြီးအကဲတွေက လွှတ်ပေးတယ်။ တစ်ကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်ဆိုတော့ ကျွန်တော်တို့ ပြည်သူကလည်း ပြည်သူလိုတွေးတယ်၊ ရဲဘော်လေးတွေကလည်း ရဲဘော်လေးတွေလို တွေးတယ်။ ငါတို့ဖမ်းနေလည်း အလကားပဲ။ ပြီးရင် ပြန်လွှတ်မှာပဲ ဆိုပြီး ပေါ့လျော့လာကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ၊ လုပ်ကြံအသတ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်လာတယ်။ နစက လူကြီးများက ဥပဒေအရ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလွယ်လုပ်တယ်။ အောက်ခြေမှာ စိတ်ပျက် လက်ပျက်ဖြစ်လာပြီး အလွယ်လုပ်လာကြတော့ အသက်တွေ စတေးလိုက်ရတယ်။ ဘဝတွေ စတေးလိုက်ရတယ်။


အရာရှိတချို့က လုပ်ပိုင်ခွင့်ရတုန်း၊ ရှာလို့ ရတဲ့အချိန် ရှာမှ ဆိုတဲ့ အတွေးနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုသာမက တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကိုပါ နီပိန်း NLD, PDF တွေက သတ်နေမှန်း သိလည်း နီပိန်းပေးတာယူပြီး ဥပဒေလက်တစ်လုံးခြား လုပ်နေကြတုန်းပဲ။


နစကလူကြီးမင်းများ သတိပြုမိကြလိမ့်မယ်လို့တော့ ထင်ပါရဲ့ . . . 

တတ်သိနားလည်တဲ့သူတွေ ပြောခဲ့ကြတဲ့ စကားပါပဲဗျာ။ အာဏာရှင်ဖြစ်တယ်ဆိုတာ မိမိလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေက ပြည်သူတွေဆီက ဂုပ်သွေးစုပ်၊ အထက်လူကြီးများကိုတော့ ဘုန်းတော်ကြောင့် စည်ပင်သာယာဝပြောလှကြောင်း ဘုရားဆိုတဲ့ အောက်လက်ငယ်သားတွေကြောင့် ဦးနေဝင်း၊ ဦးသန်းရွှေတို့ အာဏာရှင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ သင်ခန်းစာတွေ မမေ့သင့်ပါဘူးနော်။ စာရေးသူအနေနဲ့တော့ သတိပေးတာလောက်ပါပဲ။


နီနီ ရဲရဲ ပြဲပြဲကြီးနဲ့ ဖရဲသီးတွေ - 

ခင်ဗျားတို့ကတော့ အကြမ်းဖက်သမားနဲ့ လက်ဝါးချင်းရိုက်ပြီး မိသားစုအတွက် စီးပွားရှာနေကြပေါ့။ လက်နက်မဲ့ ပြည်သူတွေမှာတော့ NLD, PDF နီပိန်းအကြမ်းဖက်လည်း ကြောက်ရ၊ နီပိန်း အကြမ်းဖက်တွေကို တွေ့နေ မြင်နေလို့ သတင်းပေးတိုင်ကြားမယ်ကြံတော့လည်း ခင်ဗျားတို့တွေက နီပိန်း အကြမ်းဖက်တွေနဲ့ ပလူးပလဲ၊ အပေးအယူ တည့်နေကြတော့ ခင်ဗျားတို့ကိုလည်း ကြောက်ရ၊


တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်နေတာ NLD, ၈၈ နီပိန်းတွေချည်းမဟုတ်ဘူး။ ရာထူး အာဏာကိုလည်း မစွန့်နိုင်၊ ကိုယ်ကျိုးရှာ အမြတ်ထုတ်ခြင်းလည်း မချုပ်တည်းနိုင်တဲ့ နီနီ ရဲရဲ ပြဲပြဲကြီးတွေကြောင့်လည်း လိုအပ်တာထက် ပိုပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ လုပ်ကြံသတ်ဖြတ်ခံနေရခြင်း ဖြစ်ပါတယ်။


ကျုပ်အနေနဲ့တော့ဗျာ -

နီပိန်း နီပိတ် အကြမ်းဖက်သမားတွေလည်း လုပ်ကြံသတ်ဖြတ်မှုတွေ ရပ်ကြပါတော့။

နီနီ ရဲရဲ ပြဲပြဲကြီးတွေလည်း အကြမ်းဖက်သမားတွေအလိုကျ ပြည်သူတွေကို စတေးပြီး ကိုယ်ကျိုးရှာနေကြတာတွေကို ရပ်ကြပါတော့။

အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအနေနဲ့ သွားသတိ၊ လာသတိ၊ ဘုရားဟော ပိဋိကသုံးပုံကို အနှစ်ချုပ်လိုက်ရင် သတိ ဆိုတဲ့ စကားတစ်ခွန်းပဲတဲ့။ ဘုရား စကားကို နားထောင်ပြီး အစဉ်သတိရှိကြပါ လို့ အကြံပြုတိုက်တွန်းပါရစေဗျာ။ NLD, PDF အကြမ်းဖက်သမားတွေကြောင့် တမွန်ရောက်သွားကြရတဲ့သူတွေ အတွက် အစားထိုး စရာ မရှိပါဘူး။ NLD, PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းဘေးက ကင်းဝေးအောင် အစဉ်အမြဲ သတိရှိကြပါတော့။


မေတ္တာရှင် ဒေါင်းနင်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)