တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆေးထိုးစုရပ်များ၌ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆေးထိုးစုရပ်များ၌ ထိုးနှံပေး



တောင်ငူ၊ ဒီဇင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆေးထိုးစုရပ် ဖြစ်သည့် အမှတ် ၅ ရပ်ကွက် ကေလဇာတီ ဘုရားဝန်းနှင့် ကေတုမတီ မြို့သစ် မြို့ဦးကျောင်းတိုက်တို့၌ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ၊ EAO များ ၊ အကျဉ်းထောင်များမှ အကျဉ်းသား အချုပ်သားများ ၊ ဟိုတယ် မိုတယ်နှင့်  တည်းခိုခန်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ  ဝန်ထမ်းများ ၊ ဈေးသူဈေးသားများနှင့် ဈေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါအခံရှိသူများအား တစ်ရက်လျှင် လူဦးရေ ၂၅၀ နှုန်းဖြင့်  ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသည်။

ထို့ပြင် ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံနိုင်မည့်သူများအား အမှတ် ၈ ရပ်ကွက် ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်း၌ ဆေးထိုးသတ်မှတ်ရက်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇော်ထက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)