နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား တက်ရောက်


စစ်တွေ၊ ဒီဇင်ဘာ   ၁၅

နိုင်ငံတောင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ တို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ဦးစောဘလှိုင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသော (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာအခမ်းအနားကို ရခိုင်တိုင်းရင်းသားရိုးရာ အကအဖွဲ့က “ဂုဏ်တော်ဖွင့် ဆီမီးခွက်” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၇)နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဖတ်ကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်နေ့ မိန်းခွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတောင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့နှင့် ပူးပေါင်းပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ၊ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီး မြှင့်ကြသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအတွက် DVB –T2 Set Top Box (၁၅၀၀)လုံးအား ပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လက်ခံရယူသည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာ အကအဖွဲ့များဖြစ်ကြသော မြိုတိုင်းရင်းသား၊ ခမီတိုင်းရင်းသား၊ ဒိုင်းနက်တိုင်းရင်းသား၊ သက်တိုင်းရင်းသားတို့က ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး ရခိုင်တိုင်းရင်းသား ရိုးရာအကအဖွဲ့က “ရိုးတောင်ရိပ်က သာချင်းသံ” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြကာ အခမ်းအနားအားရုပ် သိမ်းခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ၁၉၇၅ ခုနှစ်မှ စတင်ကာ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျင် (၄၇)နှစ်မြောက် တိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်းသိရသည်။

သတင်း - တင်ထွန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)