လူဦးရေ(၁၁၅၂၀) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတုတ္ထသုတ်၊ ပထမအကြိမ်ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူဦးရေ(၁၁၅၂၀) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတုတ္ထသုတ်၊ ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်


ချောက်၊ ဒီဇင်ဘာ  ၂

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း အသက်၁၈နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့်သူများအား ယခု စတုတ္ထသုတ်၊ ပထမအကြိမ်ကို  နိုဝင် ဘာလ (၉)ရက်‎နေ့မှစတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ လူဦး‌ရေ(၁၁၅၂၀)ဦး ထိုးနှံပေးပြီးဖြစ်သည်။

အသက်၁၈နှစ်အထက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ကာကွယ်ဆေး တစ် ကြိမ်မျှထိုး နှံရခြင်း မရှိသေးသည့် ဆေးမထိုးရသေးသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့် အညီ ကာကွယ်ဆေး ထိုးနှံခြင်းများကို နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁၂နာရီထိ ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၊ ချောက်ရေနံ လုပ်သား များအပန်း ဖြေ ရိပ်သာ(၂)၊ သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာခွဲများရှိဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 ယခုထိုးနှံမှုသည် ချောက်မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထသုတ်၊ပထမအကြိမ် ထိုးနှံခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့အထိ လူဦးရေ(၁၅၀၀၀) ဦးအား ထိုးနှံပေးသွားမည်ဖြစ်‎ကြောင်း၊ကာ ကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်း ကမ်းချက်များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ က ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

သတင်း - ကျော်မိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)