ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ


ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ  ၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအားလုံး သက်ရှည်ကျန်းမာစွာ နေထိုင်ရည်ရွယ်၍  ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့က  ပုဏ္ဏားကျွန်းမြို့ မိခင်နှင့်ကလေးကျန်းရေး ဦးစီးဌာန၊ အလယ်ချောင်း ကျန်းမာရေးဌာနနှင့် ကွန်းတောင်ကျန်းမာရေး ဌာနတို့၌  ဒေသခံပြည်သူ ၇၀၅ ဦးတို့အား ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ (၃)နေရာတို့၌ ဦးတည်အုပ်စုများအလိုက် ဒေသခံပြည်သူစုစုပေါင်း ၂၇၇၀ ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ထိုးနှံပေး နိုင်ခဲ့ကြောင်း သိရသည်။

သတင်း - နီထွန်းအောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)