လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်ဒါဏ်ရာရ၍ သေဆုံးသူအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ကျပ် (၂၁) သိန်းကျော် ခွင့်ပြုထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်ဒါဏ်ရာရ၍ သေဆုံးသူအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ကျပ် (၂၁) သိန်းကျော် ခွင့်ပြုထုတ်ပေး


ပုသိမ်၊ ဒီဇင်ဘာ   ၃၁

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ လုပ်ငန်းခွင် ပြင်ပမတော်တဆ ထိခိုက်ဒါဏ်ရာရ၍ သေဆုံးသူအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံး ငွေရင်းနှင့် နာရေးစရိတ် ငွေကျပ်စုစုပေါင်းငွေကျပ် (၂၁) သိန်းကျော် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် Dong Long အထည်ချုပ်စက်ရုံ၌ ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက ပုသိမ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန (၅၃၆) ဌာန အာမခံအလုပ်သမားဦးရေ (၁၆၂၅၆) ဦး ရှိ ပြီးအလုပ်ဌာနနှင့် အလုပ်သမားများ တိုးတက်၍ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  တာဝန်ခံအရာရှိမှ ပြောကြားသည်။

တိုင်းဒေသကြီး တာဝန်ခံအရာရှိမှ ပုသိမ်မြို့နယ်ရုံးတွင် မှတ်ပုံတင်ထားသော Dong Long အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား မအေးချမ်းလှိုင်၏ လုပ်ငန်းခွင်ပြင်ပ မတော်တစ်ဆ ထိခိုက်ဒါဏ်ရာရ၍ သေဆုံးခြင်းအတွက် နာရေးစရိတ်ငွေကျပ် (၇၂၀၀၀) ကို ကွယ်လွန်သူ၏ ဖခင် ဖြစ်သူ ဦးလှိုင်မင်းအား ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်ပေးသည့် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေမှာ (၂၁) သိန်း (၆)သောင်းကျပ်ကို ကွယ်လွန်သူ ၏ အမိအဖများကို ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)