ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံပေါ်ချိန် တစ်ပိသာ ၁၇၅၀ကျပ် ရောင်းချရသောကြောင့်တောင်သူများ တွက်ခြေကိုက်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံပေါ်ချိန် တစ်ပိသာ ၁၇၅၀ကျပ် ရောင်းချရသောကြောင့်တောင်သူများ တွက်ခြေကိုက်ဟုဆို





ညောင်ဦး၊ ဒီဇင်ဘာ ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့ ကျေးလက်တောင်သူများ ပဲစင်းငုံ ပေါ်ချိန် ရောင်းချရာတွင ်တစ်ပိသာ ၁၇၅၀ကျပ် ရောင်းချရခြင်းကြောင့် ပဲစင်ငုံစိုက်တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ ငါ့မင်းမေးကျေးရွာ ပဲစင်းငုံစိုက် တောင်သူ ဦးဝင်းစိုးက ပြောကြားသည်။


ပဲစင်းငုံကြဲပက် စိုက်ပျိုးမှုများအား  ကဆုန်လ၊ နယုန်လများတွင် နှမ်းဖြင့် တွဲဖက်စိုက်ပျိုးခြင်း ဖြင့်လည်းကောင်း၊ မြေပဲခင်းများတွင် တန်းကြောင်းချ၍ စိုက်ပျိုးခြင်းဖြင့် လည်းကောင် ်စိုက်ပျိုး ကြပြီး ပဲစင်းငုံသီးသန့်စိုက်ပျိုးမှုသိပ်မရှိဘဲ သီးထပ်အဖြစ်သာစိုက်ပျိုးမှုများကြောင်း၊ နှမ်းများ နှုတ်သိမ်း၊ ရိတ်သိမ်းချိန်တွင် ပဲစင်ငုံပင်များ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်ငုံများ အပင်သန်မာ ထွားကြိုင်းလာကာ အပင်ဖြစ်ထွန်းလွယ်ကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ပဲစင်းင စိုက်တောင်သူ ဦးမျိုးမောင်ကပြောကြားသည်။ ပဲစင်းငုံစိုက်ရာတွင် မြေဆီမြေနှစ်အလွန် စုပ်ယူ ကြောင်း ပဲစင်းငုံစိုက်ပျိုးပြီး နောက်နှစ်ထပ်မံကြဲပက်စိုက်ပျိုးလျှင် မဖြစ်ထွန်းကြောင်းနှင့် ပဲစင်းငုံ တစ်သီးစိုက်လျှင် ရှစ်လ၊ကိုးလ ကြာမြင့်ခြင်းကြောင့် ပဲစင်းငုံစိုက်ပြီး ဈေးမကောင်းလျှင်ဖြစ်စေ ၊ ပဲစင်းငုံမဖြစ်ထွန်းလျှင် စိုက်ပျိုး တောင်သူများအင်မတန်နစ်နာကြောင်း ကဆုန်၊ နယုန်တွင် ကြဲပက် စိုက်ပျိုးသည့်ပဲစင်းငုံတစ်သီးအား နတ်တော်လ၊ ပြာသိုလတွင်မှ ခုတ်ယူရကြောင်းနှင့် အပွင့်လှိုင် လှိုင်ပွင့်ချိန်၊ ဝတ်မှုံကူးချိန်ဖြစ်သည့် တန်ဆောင်မုန်းလတွင် မိုးသည်းကြီးမဲကြီးမိပါက ပဲစင်းငုံအပင် ကောင်း သော်လည်း ပဲစင်းငုံမရဖို့ တပ်အပ်ပြောနိုင်ကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးသန်းထိုက်မှ ရှင်းပြသည်။ငါ့သရောက်မြို့မှ ပဲစင်း ငုံစိုက်တောင်သူများသည် ပဲစင်ငုံခုတ်သိမ်းပြီးချိန် ပခုက္ကူ ဈေးကွက်သို့သွားရောက်ရောင်းချခြင်း၊ မြင်းခြံ၊ကျောက်ပန်းတောင်းဈေးကွက်သို့လည်း သွားရောက် ရောင်းချကြရာ ပဲစင်းငုံတစ်ပိသာ ၁၇၅၀ ကျပ်ရောင်းချရပြီး ပဲစင်းငုံတစ်တင်း ပဲစင်းငုံ ပိသာ ၂၀ရှိကြောင်း ၊တစ်တင်းလျှင်  ၃၅၀၀၀ကျပ်ရောင်း ချရခြင်း၊ မနှစ်ကထက်ပဲစင်ငုံဈေးနှုန်း ပိုရခဲ့ခြင်း ကြောင့် တောင်သူများပဲစင်ငုံထွက်နှုန်းကောင်းမွန်ခဲ့ ပြီးဈေးနှုန်းလည်းကောင်းခဲ့ခြင်း ကြောင့် ပဲစင်ငုံစိုက်ပျိုးကျေး လက်တောင်သူများဝင်ငွေတွက်ခြေ ကိုက်သည့်နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုထိန်၊KPD  

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)