ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး




ကျောက်ဆည်၊ ဒီဇင်ဘာ   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ပဉ္စမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး စုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပဉ္စမအသုတ်(ပထမအကြိမ်) အဖြစ် သံဃာ တော်နှင့် သီလရှင်(၅၂)ပါး၊ ကျန်းမာရေးဝန်ထမ်း(၆)ဦး၊  နိုင်ငံ့ဝန်ထမ်း (၁၂၅)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း(၁၃၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ကိုင်သူ(၅၂)ဦး၊ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ (၁)ဦး၊ ပုဂ္ဂလိကငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နေသူ(၆)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း(၂)ဦး၊ အခြားဝင် ငွေရလုပ်ကိုင်သူ(၄၂၁၅)ဦး၊ ပြည်သူ(၁၃၉၈)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၇၅၀)ဦး စုစုပေါင်း(၆၇၄၀)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စတုတ္ထအသုတ်အဖြစ် (၁၁၇၈၂)ဦး၊ တတိယအသုတ်အဖြစ် (၁၃၅၈၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)