မောက်မယ်မြို့နယ်အတွင်း ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) စတုတ္ထအသုတ် (ဒုတိယအကြိမ်) ပြည်သူများအား ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်အတွင်း ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) စတုတ္ထအသုတ် (ဒုတိယအကြိမ်) ပြည်သူများအား ဆက်လက်ထိုးနှံ



မောက်မယ်၊ ဒီဇင်ဘာ   ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အားလုံးကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များတွင်  ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) စတုတ္ထအသုတ် (ဒုတိယအကြိမ်)ကို  ဈေးတန်းရပ်ကွက်ရှိ သီရိမင်္ဂလာမြို့လယ်ဓမ္မာရုံ၌ ကာကွယ်ဆေး ထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များတို့က လက်သန့်ဆေးရည် ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ် − ၁၉ ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် (Sinophram) အမျိုးအစားကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူငါးယောက်နှုန်းဖြင့် မောက်မယ်မြို့ပေါ် ရပ်ကွက်အတွင်း ယနေ့တွင် စတုတ္ထအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)