သက်တော်(၁၀၁)နှစ်ရှိမင်းလှမြို့ မဟာစည်သာသနာ့ရိပ်သာဆရာ တော်ဘုရားကြီး၏ အန္တိမဈာပန အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သက်တော်(၁၀၁)နှစ်ရှိမင်းလှမြို့ မဟာစည်သာသနာ့ရိပ်သာဆရာ တော်ဘုရားကြီး၏ အန္တိမဈာပန အခမ်းအနားကျင်းပ


မင်းလှ၊ ဒီဇင်ဘာ   ၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာစည်သာ သနာ့ရိပ်သာ ကျောင်းတိုက်၏ ဦးစီပဓာန နာယကသက်တော်(၁၀၁)နှစ်ရှိ သက်တော်ရှည် မဟာစည်သာသနာ့ ရိပ်သာဆရာတော်ဘုရားကြီးသည် ဘဝနတ်ထံပျံလွန်တော်မှုသွားသဖြင့် အန္တိမဈာပန အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် နေ့လည် ၁ နာရီချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “သဗ္ဗေသင်္ခါရာအနိစ္စာတိ” (၃)ဂါထာတော်ကိုရွတ်ဆို၍  အခမ်းအနားကိုဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းကမြို့နယ် ဩဝါဒဆရာတော် ဇရစ်ချောင်း ကျောင်းတိုက်ဆရာ‌တော်ကြီးထံမှ  ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဘဝနတ်ထံပျံလွန်တော်မူသွားသည့်  ဘဒ္ဒန္တသာသနမဟာထေရ်မြတ်၏ ထေရုပ္ပတ္တိ အကျဉ်းနှင့် ဓမ္မသံဝေဂ ဂါထာတော်တို့ကိုဖတ်ကြားပူ‌ဇော်ခဲ့ပြီး၊ ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် အဘိဓဇမဟာရဂုရု၊ နိုင်ငံတော်ဩဝါဒစရိယ ဝေဠုဝန်ဆရာတော်ဘုရားကြီး၏ နောက်ဆုံး ကန်တော့လွှာကိုဖတ်ကြားခဲ့၍ ဆရာတော်ဘုရားကြီး၏ တပည့်များကိုယ်စား ဦးရေဝတမှ ပစ္ဆိမဝန္ဒနာဂါထာဖြင့်နောက်ဆုံးကန်တော့ခဲ့ပြီး  တပည့်ဒကားကာမများက နောက်ဆုံး ကန်တော့ခဲ့ကြသည်။

ယင်းနောက်ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား တပည့်သံဃာများကပင့်ဆောင်ပြီး ကျောင်းတိုက်ကြီး၏ စနေ့ထောင့်အရပ်တွင် ဆရာတော်ဘုရားကြီးကြိုတင်စီမံဆောင် ရွက်ခဲ့သော အုတ်ဂူ၌ ဂူသွင်းသင်္ဂြုလ်ပေးခဲ့ကြသည်။

မဟာစည်သာသနာ့ရိပ်သာဆရာ တော်ဘုရားကြီးသည်  ၁၃၈၃ ခု၊  တန်ဆောင်းလဆုတ် ၉ ရက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက် ည ၁၀ နာရီ သက်တော်(၁၀၁) နှစ်၊ ဝါတော် (၈၁)ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ရာ (၅) ရက်ကြာ ဓမ္မတရားတော်များဖြင့်ပူဇော်ထားရှိ၍  ဒီဇင်ဘာ (၁) ရက်တွင်အန္တိမဈာပနကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ပေါက်စ (ပြန်ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)