Mask မတပ်ဆင်သူများအား Mask များပေး၍ ဒဏ်ငွေ ၅၀၀‌ကျပ် ပေးဆောင် စေခြင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Mask မတပ်ဆင်သူများအား Mask များပေး၍ ဒဏ်ငွေ ၅၀၀‌ကျပ် ပေးဆောင် စေခြင်းပြုလုပ်


မင်းလှ၊ ဒီဇင်ဘာ  ၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ် ထိန်းချုပ်တားဆီး နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေးအရေးယူဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီချိန်က မြို့ဈေးရှေ့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေး အရေးယူဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လူမူရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့တွင်း ဖြတ်သန်း သွားလာနေကြသော ယာဉ်ကြီးယာဉ်ငယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေ(၅၀၀)ကျပ် ပေးဆောင်စေကာ နှာခေါင်းစည်း (၃) ခု ပေးကာ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်ကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ (Mask) စနတ်တကျ တပ်ဆင်စေရေးအတွက် Mask Campaign များအား လူစည်ကားရာ နေရာဖြစ်သည့် ဈေးများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းဂွများများတွင် စစ်ဆေး ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဒီဇင်ဘာ ၁ ရက်နေ့ကစတင်၍ နေရာများ ပြောင်းရွေ့ကာ နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေးအတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - ပေါက်စ (ပြန်ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)