တိုက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး

 


တိုက်ကြီး၊ ဒီဇင်ဘာ   ၁၆

တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဉပဒေနှင့်အညီ အိမ်ထောင်စုလူဉီးရေ စာရင်းသတ်မှတ် ချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ပန်းပင်တန်းကျေးရွာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှ မြို့နယ် ဉီးစီးမှူး ဉီးအောင်မင်းထွေးနှင့် ဝန်ထမ်းများက   ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပန်းပင်တန်းကျေးရွာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားသူ (၄၂)ဦးနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားသူ (၁၃၆)ဦး စုစုပေါင်း (၁၇၈)ဦးတို့ကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဉီးစီးမှူး ဦးအောင်မင်းထွေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)