ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတက်ရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတက်ရောက်ပေးအပ်


လားရှိုး၊ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က လားရှိုးခရိုင် အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုနေ ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ‘ပန်းခင်းစီမံချက်ကို နိုင်ငံတော် စီမံချက် သတ်မှတ်ပြီး ရှမ်းပြည်နယ်အစိုးရက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လားရှိုးခရိုင်အနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ရာ၌ ပထမအကြိမ်အနေဖြင့် (၁၄၂၁) ကတ်၊ ဒုတိယအကြိမ်အနေဖြင့် (၁၄၂၇) ကတ်၊ တတိယအကြိမ်အနေဖြင့် (၂၆၉၈) ကတ်၊ စတုတ္ထအကြိမ်အနေဖြင့် (၂၄၄၁)ကတ်နှင့် ယခု ပဉ္စမအကြိမ်အနေဖြင့် (၄၀၉၁) ကတ်ပေးအပ်ခဲ့ပြီး စုစုပေါင်း (၁၂၀၇၈) ကတ် ပေးအပ်နိုင်ခဲ့ကြောင်း၊ လဝက ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာလ မိုးတွင်းကာလကတည်းက အပင်ပန်းခံပြီး ကျေးရွာများအရောက် ကြိုးစားအားထုတ် ဆောင်ရွက်မှုကို အသိအမှတ်ပြုသောအားဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ ပန်းခင်းစီမံချက်၏ ဆောင်ပုဒ်ဖြစ်သော လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့်အတိုင်း ပြည်သူ အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခေတ္တဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မော်ထွန်းနှင့် တာဝန်ရှိသူများက လားရှိုးခရိုင်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စုများမှ ကိုယ်စားလှယ်အသီးသီးတို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဟန်ဌေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)