ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး သတ္တမအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး သတ္တမအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာပေးဆောင်ရွက်

 


ဘုရားသုံးဆူ၊ ဒီဇင်ဘာ   ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမ အသုတ် (ပထမအကြိမ်) ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမအတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးအား သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာများအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဗီဇပြောင်းလဲပုံ စသည့်အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ပြီး အဆိုပါကာကွယ်ဆေးအား (၂) ကြိမ်တိတိထိုးနှံရမည်ဖြစ်‌ကြောင်း၊ ဘုရားသုံးဆူမြို့ရှိ နေထိုင်သူ လူဦးရေ စာရင်းအရ ယခုအကြိမ်အနေဖြင့် သတ္တမအသုတ် (ပထမအကြိမ်) အတွက် ဆေးထိုးမည့်ဦးရေ (၁၅၀၀) ဦး ရှိပြီး ယနေ့အတွက် လူဦးရေ(၅၀၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူဟိန်း (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)