ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူ (၁၀၇၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac များ ထပ်မံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူ (၁၀၇၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac များ ထပ်မံထိုးနှံပေး


ဝမ်းတွင်း၊ ဒီဇင်ဘာ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm၊ Sinovac FirstDose၊ SecondDose ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က သက်ဆိုင်ရာစုရပ်တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Sinovac၊ FirstDose၊ SecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အသက် (၆၅) နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ သူများအား ကျန်မာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေး ပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်ထက် ရှိသူများ၊ ဒေသခံပြည်သူ (၁၀၇၅) ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး Sinopharm၊ Sinovac ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာ စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးလုပ်ငန်းများ အောင်မြင်စေ ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင် များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုရဲ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)