ကျေးသီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးသီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


ကျေးသီး၊ ဒီဇင်ဘာ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျိုင်းလင်ကျေးရွာအုပ်စု၊ ချီခတ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေကျပ် (၃၅ ဒဿမ ၃) သန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  အဆိုပါ ဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ   ကျေးသီးမြို့နယ်    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူး ဦးအေးနိုင် နှင့်တာဝန်ခံဝန်ထမ်းများသည် ချီခတ်ကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများနှင့် လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည်စုံမှုရှိ/မရှိ စစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားလာစေခြင်းဖြင့် ဆင်းရဲမှု လျော့ချနိုင်ရန်  စသည့် ရည်ရွယ်ချက်များဖြင့်  မြို့နယ်အတွင်းရှိ  ကျေးရွာ(၇၃)ရွာမှ  အသင်းသူ၊ အသင်းသား (၁၃၆၄)ဦးကို စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် (၁၁၅၉ ဒဿမ ၃၀၃)သန်းထုတ် ချေးပေးနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။

သတင်း - နန်းမွမ်းဆိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)