ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်




ဥတ္တရသီရိ၊ ဒီဇင်ဘာ   ၂၇

၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးမှ စီမံကိန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်းမှ စီမံကိန်းအားပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား စီမံကိန်းလက်စွဲစာစောင်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် တောင်ညိုကျေးရွာသို့ ရန်ပုံငွေ ကျပ်သိန်း(၃၀၀)နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် သက်မွေးစုကျေးရွာသို့ ကျပ်သိန်း(၁၀၀)တို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး စီမံကိန်းဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာများမှ တာဝန်ရှိသူတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - အောင်ကို

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)