ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(Toluene) များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(Toluene) များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ   ၂၇

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြိုနယ်တွင် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(Toluene)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။ 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲနှင့် အကောက်ခွန်ဦးစီးဌာနတို ပူးပေါင်း၍ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲ၌ ပုသိမ်ကြီးမြိုနယ်၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် မန္တလေးမှလားရှိးဘက်သို ဇော်မင်းလွင် မောင်းနှင်ပြီး ကောင်းမြတ်စံ လိုက်ပါလာသည့် ၁၈ ဘီး တွဲကားမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော သံပီပါများအတွင်းမှ တရားမဝင်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(Toluene) ၁၂၈၀၀ လီတာ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတိုကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)