ကျောင်းကုန်းမြို့၌ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန်သိ ပြည်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန်သိ ပြည်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်







MNP ၊ ဇန်နဝါရီ ၁၁    

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်- ပုသိမ်ကားလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးအား ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား ၂ ဦးက လက်ပစ်ဗုံး ဖြင့်ပစ်ပေါက် မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦးကို ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရ မိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြ သည့် တာဝန်သိပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)