သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခြင်းခံရသော မဏိရတနာမြတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအင်္ကုရအား ဂုဏ်ပြုပူဇော်ခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခြင်းခံရသော မဏိရတနာမြတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအင်္ကုရအား ဂုဏ်ပြုပူဇော်ခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်


MNP ၊ ဇန်နဝါရီ ၁၁    

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဏိရတနာ မြတောင် ကျောင်းတိုက်၊ မြတောင်သာသနာနှစ်တစ်ရာပြည့်ဗိမာန်တော်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/ ၂၀၂၂ ဖြင့် ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့ ဆက်ကပ်ခြင်းခံရသော နိုင်ငံတော်ဩဝါဒါစရိယ မဏိရတနာမြတောင် ကျောင်းတိုက် အဓိပတိ မဟာနာယကဆရာတော် ဘဒ္ဒန္တအင်္ကုရအား ဂုဏ်ပြုပူဇော် ခြင်း အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ မဏိရတနာမြတောင် ကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။   

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မြတောင် ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် မဏိရတနာမြတောင်ကျောင်းတိုက် အဓိပတိမဟာနာယက ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကထာကို မဏိရတနာမြတောင်ကျောင်းတိုက်၊ ပဒေသာရွှေကျောင်း ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ က ဖတ်ကြားပူဇော်သည်။   

ဆက်လက်၍ ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာများလျှောက်ထားပြီး ဂုနထုတိဝန္ဒနာရတုပိုဒ်စုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဖတ်ကြားပူဇော်သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေ များ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ အဆိုပါကျောင်းတိုက်ဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေများလှူဒါန်းရာ မဏိစလလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူများ က လက်ခံရယူကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မဏိရတနာမြတောင် ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တ သာဂရာဘိဝံသ ထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော်များအား သင်္ကန်း၊ အလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)